အခန်း-(၅၅)

19.7K 1.9K 202
                                    

Recommended song - Traitor by Olivia Rodrigo.

Spoil ခြင်း သည်းခံပါရန်။

••••

သူငယ်ချင်းဟောင်းများ တွေ့ဆုံပွဲအတွက်မြောက်ပိုင်းနယ်သို့ ရောက်လာသူများမှာ အဒယ်လိုင်းမ် ဆု၊ ယုဘ် ဇွန်ဦးနွယ်၊ ဂျိုစီနုနုဝါနှင့် ဘာရွန်ဖြိုးမောင်တို့ ဖြစ်ကြသည်။

အထက်တန်းနှင့် မတူညီသော လူကြီးများဘဝတွင် တစ်ယောက်စီ၌ အတန်အသင့်ပြောင်းလဲမှု တို့ တွေ့ရပြီး ရင့်ကျက်ခြင်းများမှာလည်း ပြည့်စုံနေခဲ့လေပြီ။ အကြောင်းအမျိုးမျိုးကြောင့် နှစ်ချီပြီး ဝေးခဲ့သော သူငယ်ချင်းများဖြစ်၍ နှုတ်ဆက်စကားများမှာ ပြောမကုန်နိုင်အောင် ရှိလေသည်။

ကျောင်းတက်ခဲ့စဉ်က လှပနုနယ်၍ ခေတ်စားခဲ့သော ဆုဟာ အမျိုးကောင်းသားတစ်ဦးနှင့် ခမ်းနားကြီးကျယ်စွာ လက်ဆက်တော့မည် ဖြစ်၍ သူငယ်ချင်းများက ဝိုင်းဝန်း နှမြောကြသေးသည်။

"အချစ်စစ်ဆိုတာ နှစ်ခါမရဘူးဟဲ့။"

ဆုက ပြုံးစိစိ ပြောလိုက်သောအခါ အားလုံးက ဟားခနဲ လှောင်ကြသည်။

"မသိပါဘူး။ ကျောင်းတုန်းက နင် ဆိုင်းရစ်ဇ်ကို ကြိုက်နေတယ်လို့ ငါတို့ ထင်ထားတာ"

ယုဘ်၏ အရွှန်းဖောက်မှူအား ဆုနှင့် ထွန်းစက ရယ်မောကြသည်။ တစ်ချိန်တုန်းက ရှက်ရွံ့ဖွယ်ရာဟု သတ်မှတ်ခဲ့သည့် ခံစားချက်များမှာယခု အရွယ်တွင်တော့ အမှတ်တရတစ်ခုအဖြစ် ပြန်လည် ဇာတ်ကြောင်းပြန်ချင်စရာပေ။

ကာကယံရှင်နှစ်ယောက်က နားလည်ကြသော်လည်း နားမလည်နိုင်သူမှာ ထိန်တင်ပင် ဖြစ်သည်။ ထိန်တင်သည် သိသာစွာ မျက်နှာပျက်သွားလျက် ရေနွေးအိုးကို မကာ မီးဖိုထဲ ဝင်သွားသည်။

"အဲ့တုန်းက အလကားသပ်သပ်စိတ်ကစားတာပါ။ ခုထိတော့ စိတ်မကူးရဲဘူး .. ဆိုင်းရစ်ဇ်ထွန်းစကိုများ ကြောက်လွန်းလို့"

ဆုက ရုတ်တရက် စနောက်လာသဖြင့် ထွန်းစက ချက်ချင်း ပြန်ပက်လိုက်သည်။

"ငါက ဘာများကြောက်စရာကောင်းနေလို့လဲ"

"ခုချိန်သာ ငါနင့်ကို ကြိုက်ရင် နင့်ရဲ့ မြောက်မြားလှစွာသော ကြင်ယာတော်များစာရင်းမှာ အောက်ဆုံးနံပါတ်နဲ့ သွားချိတ်နေလိမ့်မယ်"

Maiden SA ( Complete )Where stories live. Discover now