အခန်း-(၆၅)

20.3K 1.8K 208
                                    

( Recommended song - Strong by One direction )

•••••

စေတန်သည် သွေးဆာလောင်သော မျက်လုံးများနှင့် ထိန်တင့်ကို ကြည့်ကာ အံကြိတ်ကျိန်းမောင်းသည်။

"ရိုနန်ထိန်တင် .. "

ထိန်တင်က ဂရုမစိုက်ပါ။ စေတန့်အား ရဲရင့်စွာ စိုက်ကြည့်လျက် မင်းရှုံးသွားပြီ ဟူသော မျက်နှာထားမျိုးနှင့် မျက်ခုံးနှစ်ဘက် ပင့်ပြလိုက်သည်။

"မင်း တော်တော် သတ္တိကောင်းနေသလား"

စေတန့် လေသံက ဒေါသတကြီး ဆောင့်ထွက်လာသည်။

"ငါနဲ့ ထွန်းစကြားမှာ မင်း ဘယ်လိုသတ္တိနဲ့ သွေးထိုးရဲရတာလဲ"

ထွန်းစနှင့် မတူသော လေယူလေသိမ်းမှာ စိမ်းစိမ်းကားကား အက်ကွဲနေသည်။

"ငါ့ရဲ့ ထွန်းစကို လွှတ်ပေး .. မင်းကြောင့် သူ သိပ်ပင်ပန်းနေပြီ "

စေတန်က တစ်ဖက်လူအား ယိုင်နဲ့ပြိုပျက်သွားစေသည့် မထီမဲ့မြင် အပြုံးမျိုးနှင့် ထေ့ခနဲ ရယ်သည်။ သူ့ အပြုံးဟာ အင်မတန် နတ်ဆိုးဆန်၏။

"ငါ ထွန်းစကို ချုပ်နှောင်ထားတာ မဟုတ်ဘူး။ ကာကွယ်ပေးနေတာ .. မင်းတို့ မိသားစုဆီကနေ ငါသူ့ကို ကာကွယ်ပေးမှာ"

"ထွန်းစက မင်းရဲ့ အကူအညီကို မလိုဘူး။ ထွန်းစမှာ ငါတစ်ယောက်လုံးရှိတယ် .. ငါက မင်းလိုမျိုး သူ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေပြီး သူ့စိတ်တွေကို ရိုက်ချိုးဖျက်ဆီးမဲ့လူမဟုတ်ဘူး"

စေတန်၏ လက်နှစ်ဖက်မှာ ဝုန်းခနဲ မြင့်တက်သွားပြီးနောက် ထိန်တင့် ကော်လံစများကို ဆွဲကိုင်လာသည်။ ထိန်တင်က မျက်နှာသေနှင့်ပင် နီးကပ်လာသော စေတန့်မျက်နှာချောချောအား တည့်ဆိုင်ပစ်၏။

"ငါမင်းကို သတ်ဖို့ ဝန်မလေးဘူး .. လိုအပ်လာရင် ထွန်းစ မျက်နှာကိုလည်း ထောက်နေမှာမဟုတ်ဘူး "

ထိန်တင်သည် စေတန့်အား မုန်းတီးရွံရှာသော ခံစားချက်များနှင့် မထိုးနှက်နိုင်ပါ။ စေတန် ဆိုသည်မှာ သူ ချစ်လှစွာသော ထွန်းစသာလျှင် ဖြစ်နေသည်မဟုတ်လား။

"မင်း သတ်ရဲရင် သတ်ကြည့်လိုက်လေ .."

​ပြောပြီးသည်နှင့် ကုတင်ဘေးရှိ ခလုတ်ကို ဖျတ်ခနဲ ဖိနှိပ်လိုက်လေသည်။ ခဏ၌ပင် ဆေးရုံဝန်ထမ်းများ ဝင်လာကြ၏။ စေတန်နှင့် ထိန်တင်မူ တစ်ဦးကို တစ်ဦး ပေါက်ထွက်မတတ် စိုက်ကြည့်နေကြဆဲ .. ။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora