အခန်း-(၆၁)

19.1K 1.8K 108
                                    

( Recommended song - FlashLight by Jessie J )

Spoil ခြင်းသည်းခံပါ။

••••

ထွန်းစ နုတ်ဝေါ်သီသို့ ပြန်ရောက်ချိန်တွင် အစိုးရသည် တိုက်ခိုက်ရေးနှင့် စောင့်ရှောက်ရေး၌ စနစ်တကျ လေ့ကျင့်တတ်မြောက်ထားသော လက်ရွေးစင် လူငယ်များထဲမှ တစ်ယောက်ကို သူ၏ ဘော်ဒီဂတ်အဖြစ် ချမှတ်ပေးခဲ့သည်။ ထိုလူငယ်မှာ မောင်နေဘုန်း,ပင် ဖြစ်၏။

ထွန်းစသည် ကာချုပ်ဆီသို့ သွား၍ မောင်နေ၏ ကိုယ်ရေးရာဇဝင်ကို စုံစမ်းခဲ့သည်။

ထွန်းစ သိထားသည့်အတိုင်း မောင်နေမှာ စီးပွားဉစ္စာ ချို့တဲ့သော လူငယ်တစ်ဦးဖြစ်၍ နုသလင်ကျေးရွာမှာ နေထိုင်သည်။ အင်မတန် ပါးနပ်လိမ္မာသည့် ထွန်းစသည် တာဝန်ထမ်းဆောင်စဉ် အစပိုင်းကာလများတွင် မောင်နေအား အိမ်သို့ အလည်ခေါ်ရန် တောင်းဆိုခဲ့ဖူးသည်။ မောင်နေကလည်း ရိုးသားစွာပင် ဖိတ်ခေါ်ခဲ့ပါ၏။ မောင်နေ၏ အိမ်မှာ နုသလင်ရွာ၏ အစွန်ပိုင်းတွင် ရှိသည်။ နှစ်ထပ်မြင့်သော ဘိုးဘွားပိုင် သစ်သားအိမ်သည် ထွန်းစအား နွေးထွေးစွာ ကြိုဆိုခဲ့ပါ၏။ ထိုအိမ်မှာ တည်းခို၍ မောင်နေ၏ မိဘနှစ်ပါးနှင့်လည်း ရင်းနှီးခဲ့သည့်အတွက် ထွန်းစ မောင်နေ့ကို ယုံကြည်ခဲ့သည်။ သို့ရာတွင် ယခုချိန်မှာတော့ ထိုနေရာကို ထပ်မံ စစ်ဆေးရမည့် ကိန်းကား ဆိုက်နေခဲ့လေသည်။

မောင်နေ၏ ရာဇဝင်မှာ သံသယဝင်ဖွယ်ကောင်းသော မည်သည့်အရာကိုမှ မတွေ့ပါ။ မောင်နေအား ကြိုးကိုင်ထားသူမှာ ထွန်းစထက်ပို၍ သေသပ်ပိရိသော လူပင် ဖြစ်သည်။ ထိုလူအား မည်သူ ဖြစ်သည်ဟု ထွန်းစ မတွေးရဲပါ။

မောင်နေ၏ အိမ်သို့ရောက်သောအခါ အဘိုးကြီးနှင့် အဘွားကြီးမှာ မမျှော်လင့်သော ဧည့်သည်အား  ပြာပြာသလဲ ကြိုဆိုကြသည်။

ထွန်းစမူ သူတို့အား စစ်ဆေးရေးမှုးတစ်ဦး၏ ပြတ်သားစူးရှသော အကြည့်များနှင့် ဖော်ထုတ်စူးစမ်းနေပါ၏။

"မောင်နေက တပ်ထဲမှာ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်"

သူ့လက်ဆနှင့် မောင်နေ ဆေးရုံတက်လိုက်ရသည်ကို ဟာကွက်မရှိ လိမ်ညာလိုက်ပါသည်။

Maiden SA ( Complete )Where stories live. Discover now