အခန်း-(၁၃)

27.8K 2.4K 186
                                    

( မဖတ်ခင်သော်လည်း ဖတ်ပြီးလျှင်သော်လည်း အဆုံးက Recommended song ကို နားထောင်ပေးပါဗျ နော် )

••••

"Scheiße"

ဖရက်က ဂျာမန်လို ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။ ထွန်းစ၏ မျက်နှာကို မြင်မိသည့် ခဏမှာ သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းမသိလိုက်။ သရဲဆိုလျှင်တောင် မကြောက်တတ်သော ဖရက်သည် ထွန်းစ၏ ထိုသို့သော ရုပ်ကို ပြင်းထန်စွာ ကြောက်ရွံ့သွားခဲ့သည်။ သို့သော် သူ သတိလွတ်သွားတာမဟုတ်။ ယခုချိန် ထပ်မြင်ရမည်ဆိုလျှင်တောင် သူ ထပ်ကြောက်ရအုံးမည်ဖြစ်သည်။

သူ ဝရံတာမှာ အကြာကြီး ရပ်နေမိပြီးမှ အိပ်ခန်းပြန်ခဲ့သည်။ တစ္ဆေခြောက်ခံရသည်ဟု သံသယဝင်ရန်ကလည်း တစ္ဆေမဟုတ်ဘဲ ထွန်းစနှင့် ကြုံခဲ့တာဖြစ်သည်။ ထွန်းစက တစ္ဆေ မဟုတ်။ ထွန်းစက တစ္ဆေမဟုတ်သော်လည်း တစ္ဆေက ထွန်းစအဖြစ် ဟန်ဆောင်လျှင် .. ဟန်ဆောင်လျှင် ဖြစ်နိုင်သည်။

လက်လှမ်းမှီရာကို တွေးနေရင်း အိပ်မပျော်။ ထိတ်လန့်စိတ်သာ ကြီးစိုးနေသဖြင့် သူ ဒါကို ဖော်ထုတ်ရန် လိုအပ်မည်။ သူ့လက်ကို ရိုက်ချသွားသည်မို့ ဒါဟာ တစ္ဆေမဟုတ်နိုင်။ တစ္ဆေမဟုတ်ဘဲ ထွန်းစဆိုလျှင် သူ ဘာလုပ်မည်နည်း။

သူ့ကို လျစ်လျှူရှုသည့်အပြင် ရိုင်းစိုင်းသည့် ထွန်းစကို သူ အနည်းဆုံးတော့ အော်ထုတ်ပစ်မည်။ ဆေးလိပ်သောက်သည်ကိုလည်း အဆောင်မှူးနှင့် တိုင်မည်။ ခိုင်မာသော ဆုံးဖြတ်ချက်များနှင့် ဖရက် အိပ်ရာပေါ်မှ ခုန်ထလိုက်သည်။ ထို့နောက် အခန်းပြင်ထွက်ကာ ထိန်တင်တို့၏ အိပ်ခန်းတံခါးသို့ သွားခေါက်လိုက်၏။

သုံးချက်ခေါက်အပြီးမှာ တံခါးဖွင့်သံကြားလိုက်ရသည်။ တံခါးနောက်က ထွန်းစကို မြင်ပြီးပြီးချင်း ဖရက် ထွက်ပြေးလိုစိတ်ပေါက်သွားသည်။

"ဖရက် .. မင်း မအိပ်သေးဘူးလား"

ထွန်းစ၏ လေသံက အိပ်မှုံစုံမွှားဖြစ်နေသည်။ ဝတ်စုံမူ လွန်ခဲ့သည့် တစ်နာရီက အနီရောင်ရှပ်နှင့် ပုဆိုးအနက်ပင်ဖြစ်သော်လည်း ရှပ်ကို ကြယ်သီးအပြည့်တပ်ထားသည်။ ထွန်းစ၏ မျက်နှာဟာ အိပ်ရေးမဝ၍ ခပ်မှုန်မှုန်ဖြစ်နေပြီး ဘာအနီရောင်မှ မရှိ။ မှိုင်းသော မျက်ဝန်းများနှင့် သူ့ကို မျက်မှောင်ကုပ်ကြည့်နေသည်။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora