အခန်း-(၅၇)

23.5K 1.9K 443
                                    

Recommended song - Old love by Yuji

••••

"မဟုတ်သေးပါဘူးဟယ် .. ငါဖြင့် ယုံကို မယုံနိုင်ဘူး"

ဆုက စိတ်ရှုပ်ထွေးစွာ ညည်းညူလျှင် လူစီနှင့် ယုဘ်က သူသိသူတတ် မျက်နှာဘေးများနှင့် ဝင့်ချီပြုံး၏။

"အထက်တန်းတုန်းက နင်က ဆိုင်းရစ်ဇ်ကို မွှန်နေတာကိုး ဘယ်သိမလဲ။"

"ဟင် နင်တို့က သိတာလား"

ယုဘ်က တဲအပြင်ဘက်၌ ရပ်နေသော ထွန်းစနှင့် ထိန်တင့်ကို လှမ်းကြည့်လိုက်သည်။ ထွန်းစက တရှူးရှူးရှဲရှဲနှင့် တုန်ရီတုန်ဆတ်ဖြစ်နေသော်လည်း ထိန်တင်ကတော့ အေးချမ်းတည်မြဲစွာ နှစ်သိမ့် ဖြောင်းဖြနေသည်။ သူတို့ နှစ်ဦးကြားတွင် တိုင်းထွာမရသော သံယောဇဉ်ကြိုးတစ်ချောင်းရှိနေသည်ကို ယုဘ်နှင့် ဂျိုစီက သတိထားခဲ့မိပါသည်။

"ငါက ကပွဲညကတည်းက ထင်ပါတယ်။ ရိုနန်ခမျာလေ .. နင်နဲ့ ဆိုင်းရစ်ဇ်တွဲကတာကို ချောင်းပြီး မျက်နှာကြီး မအီမသာဖြစ်နေတာနဲ့ ငါတို့တောင် အပြီးထိ မကလိုက်ရဘူး။ နောက်တော့ သူ အပြင်ထွက်သွားတယ် .. အဲ့နောက်ကိုလည်း ဆိုင်းရစ်ဇ်က လိုက်သွားတာပဲ။ ပြီးတော့ မနက်က ငါ့ကြောင်လေးမှာ ဖြစ်တဲ့ကိစ္စ။ ဆိုင်းရစ်ဇ်က ရိုနန့်ကို သူငယ်ချင်းထက်ပိုနေခဲ့တာ သိသာတာပဲ။ ငါတို့က ထင်သာထင်တာပါ၊ သူတို့ ကိုယ်တိုင် မပြောထားတော့ ရမ်းသမ်းမစွပ်စွဲရဲဘူး။ သည်ကိစ္စကလည်း နင်သိတဲ့အတိုင်း ရိုးရိုး ယောက်ျားနဲ့ မိန်းမ ချစ်ကြတာမှမဟုတ်တာ"

"ဟယ် အဲ့ဒါဆို အခုက ဘယ်လိုဖြစ်နေတာလဲ။ ဖရက်က သူတို့နှစ်ယောက်ရဲ့ စာတွေကို သိမ်းထားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"

ယုဘ်က ပျော့ပျောင်းနူးညံ့သော ဆံနွယ်လေးများကို နားနောက် ညှပ်ရင်း တွေးဆဆပြောသည်။

"ဖရက်က သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ကြိုက်နေတာထင်တယ်"

ဂျိုစီက မျက်ဖြူစိုက်၍ ခပ်ရွဲ့ရွဲ့ဆိုလာသည်။

"ငါတို့ နှစ်ယောက်အပျိုကြီးဖြစ်တာလည်း မပြောနဲ့ဟဲ့။ သူတို့က ငယ်ငယ်လေးကတည်းက အချင်းချင်း ကြိုက်နေကြပြီးသား"

Maiden SA ( Complete )Tempat cerita menjadi hidup. Temukan sekarang