အခန်း-(၂၀)

32.1K 2.4K 379
                                    

ဘာရွန်သည် အိပ်မှုံစုံမွှားမျက်နှာဖြင့် ကုတင်ပေါ်မှ ဒယိမ်းဒယိုင်ဆင်းလိုက်သည်။ ကုတင်အောက်က ဆပ်ပြာမွှေးနှင့် သွားတိုက်ဆေးတို့ ထည့်ထားသည့် ခြင်းကို ဆွဲထုတ်ကာ ရေချိုးဆောင်သို့ သွားမည် အပြုတွင် ထွန်းစတို့ ကုတင်ကို တစ်ချက် လှမ်းကြည့်မိ၏။

ဟင် .. ထွန်းစနှင့် ထိန်တင်က တူတူအိပ်နေပါပကော။ ထွန်းစက ထိန်တင့် ရင်ခွင်ထဲမှာ မျက်နှာအပ်၍ အိပ်နေသကဲ့သို့ ထိန်တင်ကလည်း ထွန်းစ၏ ခန္ဓာကိုယ်ကို ခပ်ကြပ်ကြပ် ပွေ့ဖက်ထားသည်။

သူ ကြောင်တောင်တောင် ကြည့်နေဆဲတွင် ထွန်းစက လူးလူးလိမ့်လိမ့်နှင့် နှိုးလာသည်။ သူ့ကို မြင်တော့ ခဏမျှ အံ့သြသွားဟန်ဖြင့် ထိန်တင့်ကို ဖက်ထားရာမှ ရုန်းထွက်လိုက်၏။

"မင်းတို့ အတူတူအိပ်တာလား"

"အင်း ဟိုသင်း .. ညတုန်းက ငါ ထိန်တင့်ကို ဝတ္ထုဖတ်ပြနေရင်းနဲ့ အိပ်ပျော်သွားတာ"

"ဪ"

ဘာရွန်က ခေါင်းငြိမ့်ပြ၍ အခန်းထဲမှ လှည့်ထွက်သွားသည်။ ထိုစဉ် ထိန်တင်၏ လက်ဖျံတစ်ဖက်က မြှောက်တက်လာ၍ ထွန်းစကို အိပ်ရာထဲ ပြန်ဆွဲချ၏။

"မင်းနှိုးနေပြီလား"

ထိန်တင်သည် ထွန်းစ၏ နားထင်ဖျားသို့ နှာခေါင်းနှစ်၍ နမ်းရှိုက်လိုက်သည်။ ထိုအခါ ထွန်းစက ရုန်းထ၍ ထိန်တင့်ကိုပါ ဆွဲထူသည်။

"မိုးလင်းနေပြီ ထတော့။ ခုနက ဘာရွန် ငါတို့ အတူအိပ်နေတာကို လာမေးသွားတယ်"

ထိန်တင့် မျက်ဝန်းများက ဖျတ်ခနဲ ပွင့်သွား၍ သူ့နဖူးပေါ်ကျနေသော ဆံပင်များကို သပ်တင်လိုက်သည်။

"ဘာရွန့်ကို ပြောကြမလား"

ထွန်းစက မျက်မှောင်များကို တွန့်၍ စဉ်းစားနေသည်။ အတန်ကြာမှ ခေါင်းရမ်းပြ၏။

"အရမ်းစောသေးတယ်ထင်တာပဲ"

သူ့စကားကို ထိန်တင်က လက်ခံကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ပြီးနောက် ကုတင်အောက်မှ ခြင်းများကို ယူကာ ထွန်းစအတွက် ကမ်းပေးလိုက်၏။ ထွန်းစက အခန်းထဲမှ ထွက်၍ ရေချိုးဆောင်သို့ သွားမည် အလုပ်တွင် ထိန်တင်သည် ထွန်းစ၏ လက်ကို ဆွဲ၍ အခန်းထဲ ပြန်သွင်းလိုက်သည်။

Maiden SA ( Complete )Where stories live. Discover now