အခန်း-(၄၆)

19.1K 1.8K 230
                                    

Spoil ခြင်း သည်းခံပါရန်။

( Recommended songs - Unstoppable by Sia and Hold on by Chord overstreet )

•••••

ထွန်းစတွင် သိမ်ငယ်စိတ် ရှိခဲ့ဖူးသည်။ ထိုသိမ်ငယ်စိတ်၏ ဆိုးကျိုးများကို နားလည်ပြီးသည့်နောက်တွင် သူ မရမက ရုန်းထွက်နိုင်ခဲ့သည်။

ထွန်းစသည် သူကြွယ်မျိုးရိုးမှ ဆင်းသက်လာသော်လည်း လူမှန်းသိတတ်သော အရွယ်၌ပင်လူဆင်းရဲတစ်ဦး ဖြစ်နေခဲ့သည်။

လူဆင်းရဲများတွင် သိမ်ငယ်စိတ်ရှိတတ်သည်။

ဆင်းရဲသူ တစ်ဦးဟာ ကိုယ့်ထမင်းကို စားနေလျှင်တောင် သိမ်ငယ်စိတ် ဝင်တတ်သည်။ ပိုက်ဆံနှင့် အဆင့်အတန်းကို တိုင်းတာကြသော လောကကြီးတွင် လူဆင်းရဲများဟာ အထင်သေးရှုံ့ချဖွယ်ရာ ဖြစ်သည်။ ဤသို့သော လူဆင်းရဲတစ်ဦးအဖြစ် ထွန်းစ နေထိုင်ခဲ့ရသည်။

ထိန်တင်၏ မယုံကြည်မှုဟာ ထွန်းစ၏ သိမ်ငယ်စိတ်ကို နှိုးဆနေသကဲ့သို့ ရှိသည်။ ထွန်းစနှင့် ထိန်တင်ဟာ ရွယ်တူ တန်းတူဖြစ်သည့်အပြင် ရုပ်ရည်ရူပကာများကလည်း သိပ်မကွာခြားပေ။ သို့ရာတွင် ဂုဏ်နှင့် ဒြပ်ကတော့ မတူညီသည်။ ထိန်တင်သည် မည်သူနှင့်မှ မတူအောင် မွေးဖွားလာခဲ့ပြီး သူ့တွင် သာလွန်မြင့်မားသော ဘုန်းကံရှိသည်။ ဤသည်ကို ထွန်းစက အမြဲ အောက်မေ့ထားသည်။

သူသည် ထိန်တင့်အား ဘယ်သောအခါမှ မနာလိုခြင်းမရှိဘဲ လေးစားအထင်ကြီးမှုကိုသာ ပေးအပ်ထားသည်။ ထိန်တင်ဟာ သူမျှော်မှန်းတမ်းတခဲ့ရသော နတ်ပန်းတစ်ပွင့် ဖြစ်ကြောင်းကိုလည်း သူ ကောင်းစွာ သိသည်။ သိသည့်အားလျော်စွာ ထိန်တင်နှင့် ယှဉ်ပါက များစွာ နိမ့်ကျနေသော သူ့ကိုယ်သူ သနားသည်။ သိမ်ငယ်သည်။

တစ်ဖက်၌ ထိန်တင်သည် သူ့အား လိုလေသေးမရှိအောင် ချစ်ခင်ခဲ့သည်။ ထိန်တင်၏ ဂရုစိုက် နွေးထွေးမှူများနှင့် သူ့ သိမ်ငယ်စိတ်ကို ဖုံးကွယ်အပ်လိုက်သည်မှာ ငြင်းမရသော အမှန်တရား တစ်ရပ်ပင် ဖြစ်သည်။

ယခုမှာတော့ ထိန်က သူ့ကို မယုံကြည်ကြောင်း သူ နားလည်လိုက်သည်။ ထို့ကြောင့် သူ အလွန် ဝမ်းနည်းရသည်။ ထိန့်အား ဘာကိုမှ မရှင်းပြနိုင်လောက်သည်အထိ သူ နှုတ်ဆိတ်နေမိသည်။ သူ့ အဖြစ်ဟာ ရှင်းလင်းပြသနိုင်မှ ယုံကြည်ခံရမည့် လူတစ်ဦးနှင့် မတူနေသည်လား။

Maiden SA ( Complete )Tempat cerita menjadi hidup. Temukan sekarang