အခန်း-(၂၂)

26.9K 2.4K 411
                                    

"သခင်လေး။ ဧည့်သည်လာတယ်တဲ့"

သူတို့ ဟင်းချက်နေစဉ် မမလတ်က တံခါးခေါက်၍ လာပြောသည်။ ထိန်တင့်ဆီ လာသော ဧည့် ဟု ကြားသဖြင့် နှစ်ဦးလုံးဇဝေဇဝါ ဖြစ်သွား၏။ ဘယ်က ဧည့်သည်လည်း။

ထိန်တင်က ထထွက်သွားတော့ ထွန်းစပါ သူ့နောက်လိုက်သွားမိသည်။ စံထိန်သာ၏ အဝင်ဝတွင် ရထားလုံးတစ်စီး ဆိုက်ထားသည်။ ရိုနန်က ထို ရထားလုံးရှေ့ပြေးသွားစဉ် ရထားလုံး တံခါးချပ်မှာ ပွင့်လာ၏။ မိန်းမဝတ်ရှူးဖိနပ် ဖြူဖြူလေးတစ်ဖက် ထွက်လာပြီးမှ ကိုယ်ဟန် ကျော့မော့လှပသော အနောက်နိုင်ငံသူမိန်းကလေးတစ်ဦး လူလုံးပေါ်လာသည်။

"မေရီ .."

ထိန်တင်၏ ရေရွတ်သံတိုးတိုးကို ကြားလိုက်ရပြီးနောက် ထိုမိန်းကလေးသည် ထိန်တင့်ကို အံ့သြဝမ်းမြောက်စွာ ကြည့်လာသည်။

"ဟေး ရိုနန် .. Haven't met you for so long,
how's everything ? "

သူမက ထိန်တင်၏ ခါးကို ကျစ်နေအောင် ဖက်၍ နှုတ်ဆက်သည်။ ထိန်တင်ကလည်း အိမ်ကြီးရှင် အပြုံးဖြင့် လက်အိတ်ဝတ်ထားသော သူမ၏ လက်ဖျားကို နှုတ်ခမ်းနားတေ့လိုက်၏။

"This is Cyrus .. My boy"

ထိန်တင်က သူ့ကို မမေ့မလျော့ မိတ်ဆက်ပေးသည်။ ရိုသေမှူဖြင့် ခေါင်းငုံ့ နှုတ်ဆက်လိုက်လျှင် ကောင်မလေးက ပြုံးရိပ်သန်းသော အပြာရောင်မျက်ဝန်းများနှင့် မော့ကြည့်၏။

"မေရီနဲ့က ဘဘကြီးအသုဘသွားတုန်းက ခင်ခဲ့ကြတာ"

"ဪ"

"Sorry Mary .. ငါ မီးဖိုဆောင်ထဲ ဝင်နေလို့ နည်းနည်း အနံ့ထွက်နေတယ်။ ဦးမောင် .. သူ့ကို ဧည့်ဆောင်မှာ နေရာချပေးလိုက်ပါအုံး"

ဦးမောင်က မေရီ၏ အထုတ်များကို သယ်ယူကာ ဧည့်ဆောင်ထဲသို့ ဦးတည် ခေါ်သွားသည်။

•••

ထိန်တင်နှင့် ပတ်သတ်၍ သဝန်မတိုတတ်သော သူဖြစ်ကြောင်း မိမိကိုယ်ကို ယုံကြည်ခဲ့သော ထွန်းစသည် မေရီဟူသော လူဖြူမလေးနှင့် တွေ့မှ ဒေါက်ပြုတ်ပြိုလဲရတော့သည်။

ကောင်မလေးက မြန်မာစကားကို မွှတ်နေအောင်ပြောတတ်၊ ဆိုတတ်ပြီး လူမှူဆက်ဆံရေးမှာလည်း ပြေပြစ်ချောမွေ့သည်။ သူမက ထိန်တင့်တင်မကဘဲ စံထိန်သာ၏ မိသားစုဝင်များကို တည့်နေအောင် ပေါင်းသည်။ ယုတ်စွအဆုံး ရိုချယ်ကလေးကိုတောင်မှ လက်ပေါ်က မချ ချီချီပွေ့ပွေ့ ချစ်သည်။ အားလုံးနှင့် တည့်သော်လည်း ထွန်းစကိုတော့ ရှိန်၍လားမသိ၊ ခပ်ကင်းကင်းသာနေသည်။

Maiden SA ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin