အခန်း-(၄၄)

18K 1.7K 67
                                    

Spoil ခြင်းသည်းခံပါရန်။

•••

"ကြည်"

အိမ်တံခါး၌ ရောက်ရှိနေသော မဝင်းကြည်သည် စိုးထိန်၏ ခေါ်သံကြောင့် ခဲတောင့်ကြောင်အသွား၍ လည်ပြန် လှည့်ကြည့်မိသည်။ စိုးထိန်သည် လက်ထဲတွင် ကလေးအား ချီပိုက်လျက် သူမထံသို့ တည့်တည့် လှမ်းလာသည်။

"ဘယ်သွားမလို့လဲ"

"ကြည် .. ဘိလပ်က ကြည့်သူငယ်ချင်းဆီ စာသွားပို့မလို့ပါ ကိုကို"

စိုးထိန်က သူမကို ခပ်စေ့စေ့ အကဲခတ်၍ ကြည့်နေသည်။

"ဘိလပ်က ဂျက်စမင်လေ ကိုကို"

မဝင်းကြည်က စာအိတ်ကို ထောင်ပြသည်။ အောက်ခြေတွင် အမည်တပ်ထားသော တူ ဂျက်စမင် ဆိုသည့် စာတန်းကို မြင်မှ စိုးထိန်က စိတ်လျော့သော အပြုံးမျိုး ပြုံး၏။

"ကောင်းပါပြီ ကြည်။ သားက ခုမှ ရင်ခွင်ပိုက်အရွယ်ဆိုတော့ ကြည့်ကို သားနား အချိန်ပြည့် ရှိစေချင်တယ်။ ကိုကိုလည်း မကြာခင် ခရီးသွားရတော့မှာလေ၊ ကဲပါ ခု သွားပြီး မြန်မြန်ပြန်လာခဲ့နော် .. ခေတ်အခါက ကောင်းတာလည်း မဟုတ်ဘူး"

"ကြည် ထိန့်ကို နို့တိုက်ပြီးပါပြီ ကိုကို။ ဒါကြောင့် ခဏ ခွင့်ပြုပါနော်"

သူမသည် အပြင်သို့ ထွက်ခါနီးတွင် သား၏ ပါးပြင်လေးကို အသာအယာ မွှေးကြူသွားခဲ့၏။ ရိုနန်ထိန်တင် ဟူသော သူမ၏ သားလေးမှာ ဖြူဉပြည့်ဖြိုး၍ အင်မတန် ချစ်ဖွယ်ကောင်းလှသည်။

ထို့နောက် သားနှင့် ခင်ပွန်းအား ကျောခိုင်း၍ ထွက်လာခဲ့သော သူမ မျက်နှာတွင် စိတ်မလုံခြုံမှုများ ပြည့်နှက်လာ၏။ လိပ်ပြာမှာလည်း မလုံသကဲ့သို့ ရှိသည်။

မိမိ အိမ်မှ ထွက်လာသည်မှာ ကိုကို့အား ပြောသကဲ့သို့ သူငယ်ချင်းဆီ စာပို့ရန်မဟုတ်ပါ။ မိမိ၏ မက်ဖြစ်သူ ထိန်ညီးဆီသို့ ပို့ရန်သာ ဖြစ်သည်။ ဘိလပ်သို့ မသွားခင်တွင် ထိန်ညီးသည် မိမိအား မှာကြားခဲ့သည်များ ရှိသည်။ ယင်းတို့မှာ စမစ်အောင်ထွန်း၏ ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်နှင့် သူ့ မိသားစု အရေးအရာကို အလုံးစုံ တင်ပြပေးရန် ဖြစ်သည်။

Maiden SA ( Complete )Hikayelerin yaşadığı yer. Şimdi keşfedin