အခန်း-(၁၅)

29.5K 2.4K 143
                                    

ထိန်တင်၏ ခေါင်းထဲတွင် အနည်းငယ်မျှ မူးနောက်နေသည်။ အချိန်ခဏမျှ ငြိမ်သက်ပြီးလျှင် မျက်တောင်များကြားထဲသို့ ခပ်ယိုင်ယိုင်အလင်းက လျှိုဝင်လာ၏။ အဲ့သည်နောက် ပွင့်ပျံလာသော သူ့ မျက်ဆံများတွင် နွေးခနဲ ခံစားလိုက်ရသည်။

ထိန်တင်က မျက်လုံးများကို ခပ်တင်းတင်း ဖိမှိတ်၍ ပြန်ဖွင့်ဟသည်။ သူ့အပေါ်ရှိ အဖြူရောင် မျက်နှာကျက်က ကြည်လင်စွာ ပေါ်လာ၏။ သို့ဖြစ်၍ ဘေးသို့ လှည့်ကြည့်ချိန်တွင် မမျှော်လင့်သော လူကို တွေ့ရလေသည်။

ထွန်းစ၏ အိပ်စက်ပုံမှာ သက်သောင့်သက်သာရှိလှသည်။ စွန်တောင်ပမာ ပျံ့ကားသော ခပ်ထူထူမျက်ခုံးစွန်းများနှင့် မျက်ခွံမို့မို့များက ဖြန်းပက်သော နေရောင်အောက်တွင် စင်ကြယ်နေသည်။ ဝါညက်သော အသားအရည်ပေါ်ရှိ နှာတံဖြောင့်ဖြောင့်၏ အောက်တွင် ရဲသွေးကြွနေသော နှုတ်ခမ်းဆွေးတို့ ရှိသည်။

ထိန်တင်က ဦးခေါင်းကို အသာငုံ့၍ ကြည့်နေခိုက် ထွန်းစ၏ မျက်ခွံများ လှုပ်ခါလာသည်ကို သတိပြုမိ၏။ ထွန်းစသည် နှိုးထမလာဘဲ တအီအီ ညည်း၍ ကိုယ်ကို ဟိုရွှေ့သည်ရွှေ့ လုပ်လေရာ ထိန်တင်မှ ဆန့်တန်းပေးသော လက်မောင်းပေါ်သို့ ဦးခေါင်းတင်မိသွား၏။ ထိန်တင်က သဘောကျစွာ ရယ်မော၍ ထွန်းစ၏ ခါးကို လှမ်း၍ ထွေးပွေ့လိုက်သည်။

ထွန်းစ၏ မျက်ခုံးတန်းများက ခပ်စုစုဖြစ်လာပြီးနောက် လေဝေ့တစ်ချက်တွင် နဖူးပေါ်သို့ ဆံယဉ်များ ပြိုကျလာသည်။ သည်လိုကျ ထွန်းစဟာ နုနယ်သော ကလေးငယ်တစ်ဦးနှင့် တူလှသည်။

"အင်း"

ထွန်းစသည် နှုတ်မှ တိုးတိုးရေရွတ်၍ ထိန်တင်၏ ရင်အုံတွင် ခေါင်းကို တိုးဝှေ့နေသည်။ ထိုအခါ ကိုယ်တိုင် သတိမထားမိခင်တွင် ထိန်တင့် ရင်ထဲ၌ တလှပ်လှပ်ဖြစ်လာ၏။ သည်လို ပုံစံမျိုး .. သည်လိုအထိအတွေ့မျိုးနှင့် သူ တစ်ခါမျှ မရင်းနှီးဖူးပါ။ ရိုချယ်လေးကိုတောင်မျှ သူ့ဘေးနား အိပ်စက်စေ၍ ချော့သိပ်ဖူးတာမျိုး မရှိ။ ရိုချယ်ကလည်း သူ့ကို ယခု ထွန်းစ လုပ်သလိုမျိုး မလုပ်ဖူးပါ။

ထိန်တင်က ထွန်းစဆီမှ မျက်နှာလွှဲ၍ သူ့ အောက်နှုတ်ခမ်းသူ ဖိကိုက်လိုက်သည်။ ထိုစဉ် ..

Maiden SA ( Complete )Opowieści tętniące życiem. Odkryj je teraz