အခန်း-(၇၂.၁)

25.9K 1.8K 86
                                    

( Recommended song - Always by Isak Danielson and အိမ် by ဓီရာမိုရ် )

••••

ဝါဝင်းသန့်စင်သော လက်ချောင်းများသည် ထိန်တင့် နှုတ်ခမ်းရှေ့တွင် ယုယကြင်နာစွာ အနမ်းရှိုက်ခံနေရ၏။

ထိန်တင့် နှုတ်ခမ်းအရွေ့ကို လိုက်၍ ထွန်းစ အသက်ရှုသံများ မြန်ဆန်နေသည်။ ထိန်တင်သည် သူ့ ခန္ဓာကိုယ်ပေါ်တွင် လုံးဝ အုပ်မိုးထားပြီး သူ့ ခြေထောက်တစ်ဖက်ကို ပုခုံးပေါ် တင်ကာ မျက်နှာချင်း အနည်းငယ်ကွာဝေးသော စင်တီမီတာမှ လျှပ်တိုက်ရွေ့လျားသွားသည်အထိ တိုးဝင်နေသည်။ သူတို့နှစ်ဦး၏ အထက်တွင် အဖြူရောင်ဂွမ်းစောင်ကို ပုခုံးထိတိုင် လွှမ်းခြုံထားသည်။

"Ahhhhh .. "

ဝေးကွာနေခဲ့သော ထွန်းစ၏ ညည်းညူသံမှာ ထိန်တင့် ရာဂများကို ထပ်မံ ဖြည့်စွမ်းလိုက်သည့်နှယ်။ ထိန်တင်သည် ထွန်းစ၏ မျက်နှာအရိပ်ကို ကြည့်ရင်း နောက်ထပ် ခြေတစ်ချောင်းကို ပုခုံးပေါ်သို့ မတင်လိုက်သည်။ ခြေနှစ်ချောင်းလုံး ပုခုံးပေါ် ရောက်သွားသဖြင့် ဂဟေစပ်မှုက ပိုမိုပူးကပ်သွားကာ လိုင်းလက် ပန်းရနံ့များပင် ကြားဝင်သွေ့ဆော်၍ မရတော့ပေ။

ထိန်တင်သည် ဦးခေါင်းကို ညွှတ်ကိုင်း၍ ထွန်းစ၏ နှုတ်ခမ်းများကို ငုံ့ထွေးနမ်းရှိုက်လိုက်သည်။ အထက်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းလေးများကို တို့ထိနမ်းမွှေးရုံမျှ မဟုတ်ဘဲ အာခံတွင်းထဲ၌ တစ်လှည့်စီ ငုံထွေးထားသော ထိန်တင့် ကြင်နာမှူများဟာ ထွန်းစ၏ ရင်ကို လှိုက်ခုန်နွေးထွေးစေသည်။ မြက်ခင်းပေါ်၌ လှန်ကျသွားသော သူ့ လက်ဖမိုးပေါ်သို့ လေရူးအသွေ့နှင့် ခရမ်းနုရောင် ပန်းတစ်ပွင့် ကြွေကျလာသည်။ ထိုချိန်တွင် ထိန်တင့် လက်ဝါးသည် သူ့လက်ပေါ် ဖိထပ်လာ၍ လက်ချောင်းများကို ပူးကပ်ယှက်နွယ်လိုက်ရာ လက်နှစ်ဖက်ကြားရှိ ပန်းပွင့်လေးမှာ ပိပြားကြေညက်သွားပါ၏။

ပန်း၏ ပွင့်ချပ်များပေါ်မှ အဆီဂလင်းလေးများ ပျံ့ထွက်သွားကာ လက်အရေပြားများ၌ ပန်းရနံ့လေးများ ပိုမွှေးလာသည်။ စေးပျစ်သော ချွေးနံ့နှင့် လတ်ဆတ်ရှင်းသန့်သော ပန်းနံ့တို့ ပေါင်းစပ်သွားသောအခါ ခန္ဓာကိုယ်အလိုက် ရွေ့လျားနေသော လက်များဆီသို့ မြက်ခင်းစလေးများပါ တိုးကပ်လိုက်ပါလာတော့သည်။

Maiden SA ( Complete )Donde viven las historias. Descúbrelo ahora