အခန်း-(၅၂)

20.6K 1.9K 132
                                    

( Recommended song - Enchanted by Taylor Swift )

Spoil ခြင်း သည်းခံပါ။

•••••

၁၉၄၇၊ ဒီဇင်ဘာလ ၁၃ ရက်။

ဖိုးသား၏ အိမ်သို့ သွားရောက်လေ့လာရန်။

ထွန်းစသည် ထိုစာကြောင်း၏ အောက်တွင် သူ ဆောင်ရွက်ရမည့် အခြားကိစ္စများကို ဆက်လက်ရေးသားနေသည်။

ဖိုးသားသည် ဦးသစ်အေး အမှုမှ မျက်မြင်သက်သေကောင်လေး ဖြစ်ဟန် တူသည်။ ထိုစဉ်က သက်သေမရှိဟု ဆိုခဲ့သော အမှုမှာ သူ ပြန်လိုက်သော အချိန်၌ ထူးခြားချက်တစ်ခုအား ရှာတွေ့ခဲ့သည်။

ဖိုးသားသည် ဦးသစ်အေးတို့ အိမ်အား ပုံမှန် သတင်းစာပို့သော စာပို့လုလင်ကောင်လေးဖြစ်သည်။ ထိုနေ့က ဖိုးသား၏ စက်ဘီးလေး ဦးသစ်အေးအိမ်ရှေ့သို့ ဆိုက်ရောက်စဉ်တွင် အိမ်ထဲမှ သေနတ်သံနှစ်ချက်ကို ကြားခဲ့ရသည်ဆို၏။ နောက်တစ်ရက်တွင် ဖိုးသား ရွာပြန်သွားသည်။ ထိုမှစ၍ ဖိုးသား၏ သတင်းအချက်အလက်များမှာ ပြတ်လပ်သွားတော့သည်။

ထွန်းစသည် ဖိုးသားရှိရာ ရွာသို့ မောင်နေနှင့်အတူ ထွက်လာခဲ့သည်။

ဖရက် တာဝန်ကျသည့် ခမ်းမြို့နယ်မှာ ဖိုးသား၏ ရွာနှင့် အနည်းငယ် နီးစပ်နေ၏။ ထို့ပြင် ဖရက်၏ အိမ်သည် ဖိုးသားရှိသော အရပ်နှင့် မြောက်ပိုင်းနယ် အကြားတွင် တည်ရှိသည်။ ထို့ကြောင့် ဖရက်ဆီသို့ သူ လာခဲ့ခြင်းဖြစ်သည်။ မိမိ၏ အမှုကိစ္စအား စုံစမ်းရင်း .. ထိန်တင့်ကိုလည်း မြင်လို မြင်ငြား မျှော်လင့်ချက်နှင့် တည်းခိုရန်သာမကဘဲ ဖရက်ဆီမှ သူသိလိုသော ကိစ္စတစ်ခုလည်း ရှိနေပြန်သေးသည်။

နာရီပေါင်းများစွာ ရှာဖွေပြီးနောက်မှ ရွာ၏ အလွန်တွင် နွားကျောင်းနေသော ကောင်ကလေး ဖိုးသားကို တွေ့ရသည်။ ဖိုးသား၏ ရုပ်ပန်းသွင်ပြင်အား ဘေးလူများ၏ ပြောပြချက်နှင့် သူ အတန်ငယ် ခန့်မှန်းနိုင်ခဲ့သည်။ ဖိုးသားသည် ပုပုပြတ်ပြတ်နှင့် အသားညိုသော ရွာသားလေး ဖြစ်သည်။ ရွာထဲရှိ ဖိုးသား၏ အလုပ်မှာ နွားကျောင်းသည် ဖြစ်၍ ထိုသွင်ပြင်နှင့် နွားကျောင်းသားလေးမှာ ဖိုးသားမှလွဲ၍ တခြားသူမဖြစ်နိုင်ပါ။

Maiden SA ( Complete )Where stories live. Discover now