Recommended song - Only love can hurt like this ( slowed version ) by Paloma Faith.
••••
ထွန်းစသည် ထိန်တင်၏ အနမ်းများကို မျက်လုံးမှိတ် ခံယူရင်း အိပ်ရာပေါ်တွင် လူးလိမ့်နေသည်။ ပင်ပန်းခဲ့သည့် ဒဏ်ကြောင့် အိပ်ချင်သည် ဟု ဆိုသဖြင့် အနမ်းများရပ်ကာ ရင်ခွင်ထဲ ထည့်အိပ်တော့လည်း မဟုတ်။ သူ့ မျက်နှာအနှံ့ကို ထိန်တင်မှ တဖွဖွ နမ်းသည်ကိုသာ သဘောကျနေသည်။
မျက်နှာချင်းအပ်၍ ပါးပြင်များကို နမ်းရှိုက်စဉ်တွင် သူ့လက်ချောင်းများနှင့် ထိန်တင့် ဆံနွယ်များထဲသို့ ပွတ်သပ်ပေးလာသည်။ ထိန်တင် သိသလောက် ဤကဲ့သို့ ပွတ်သီးပွတ်သပ် ပူးကပ်ခြင်းမျိုးကို ထွန်းစ လုပ်ခဲသည်။ အတူနေပြီးသော အခါမျိုးနှင့် အိပ်ရာပေါ် နှစ်ဦးတည်း ရှိစဉ်တွင်မှ ရှားရှားပါးပါး အချွဲပိုတတ်သည်ပေ။
ထိန်တင်၏ နှုတ်ခမ်းများက တပြွတ်ပြွတ်နမ်းနေသော်လည်း လက်ဖဝါးများမူ ထွန်းစ၏ ခါးကျဉ်ကို အလိုက်သိစွာ နှိပ်နယ်ပေးနေသည်။
လုံးထွေးရင်းဖြင့် ထွန်းစ၏ ခန္ဓာကိုယ်က ထိန်တင့်ပေါ် ခွတက်လာသည်။ အုပ်မိုးသည်မျိုးမဟုတ်ဘဲ အကောင်လေးတစ်ကောင်လို ဖိကပ်နေတာ ဖြစ်သည်။
ထွန်းစနှင့် အဝတ်မပါသော ကိုယ်ထည်ချင်း ထိကပ်နေရသဖြင့် မိမိတို့၏ ကြားတွင် မည်သည့်အရာမှ တားဆီးနိုင်ခြင်း မရှိသကဲ့သို့ ထိန်တင် ကျေနပ်မိသည်။
ထွန်းစသည် သူ့အောက်မှ ထိန်တင်၏ မေးရိုးများနှင့် နားသယ်စတို့ကို အသံများထွက်သည်အထိ နမ်းလေသည်။
"မင်းက ချစ်စရာလေး ထွန်းစရာ"
ထိန်တင်က မျက်နှာကို ဘေးသို့ စောင်းရင်း ရယ်ကျဲကျဲပြောသည်။ ထိုအခါ ထွန်းစက ချိုသာစွာ ပြုံး၍ ထိန်တင်၏ ပါးပြင်ကို နှုတ်ခမ်းအပ်ရင်း ဖွဖွ ကိုက်လိုက်သည်။
"ငါလဲ မင်းကြောင့် ရူးမှာပဲ ဟန်နီ"
ထွန်းစ၏ စကားသံတိုးတိုးကြောင့် ထိန်တင်က မျက်နှာပြန်လှည့်၍ နဖူးချင်းဆိုင်လိုက်သည်။
"ငါ့ကိုပဲ ရူးရမှာနော်။ ငါ့ကိုပဲ"
"အင်း .. မင်းတစ်ယောက်တည်းကိုပဲ။ ငါက မင်းသေဆိုသေ ရှင်ဆိုရှင်မဲ့ကောင်ပဲ၊ မင်း မျက်နှာလေး ညှိုးမှာကို ငါ သေမလောက် ကြောက်တယ် ထိန်"
ESTÁS LEYENDO
Maiden SA ( Complete )
Romanceဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်ခတ် စော်ကားလိုခြင်းမရှိပါ။