အခန်း-(၂၃)

30.6K 2.5K 209
                                    

( Recommended song - Take me to your heart by Michael learns to rock )

••••

"ဒီစီးကရက်တွေကို ခဏခဏမသောက်ပါနဲ့လို့ အကိုမပြောခဲ့ဘူးလား"

ဦးမိုးငြိမ်သည် စားပွဲ၏ ဘေးတွင် ခြေစုံရပ်၍ ခုံပေါ် ထိုင်နေသော ဖေဖေ့ကို ကျိန်းသည်။ ဖေဖေက ပါးစောင်ကို လျှာဖြင့် ထိုးမွှေရင်း မထီမဲ့မြင်ပြုလျက် ဦးမိုးငြိမ်ကို မျက်လုံးလှန်ကြည့်သည်။

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"

ဖေဖေ့ မျက်ဝန်းများက မျက်မမြင်သူ တစ်ဦးကဲ့သို့ အသက်မဲ့နေသည်။ နှာတံချွန်ချွန်၏ အောက်ရှိ နှုတ်ခမ်းပါးများကတော့ စီးကရက် အသောက်လွန်၍ ညိုရင့်နေကြပေပြီ။ ထွန်းစကဲ့သို့ အစွန်းနှစ်ဖက်တွင် ထူထဲ ထောင်တက်နေသည့် မျက်ခုံးတန်းများမှာ ဖေဖေ့မျက်နှာတွင် ကြောက်ရွံ့ဖွယ်အကောင်းဆုံး ဖြစ်သည်။ ဖခင် ဂျပန်စစ်စစ်နှင့် မိခင်ဗမာတို့မှ ဖွားမြင်လာသော ဖေဖေ၏ မျက်နှာပေါက်ဟာ ဂျပန်ဘက်သို့ ပိုယိမ်းနေ၏။

ဖေဖေသည် လေချဉ်တစ်ချက် တက်လိုက်ရာ ပါးစပ်တွင်းမှ ခပ်မွှန်မွှန် အရက်နံ့များက နံဟောင်စွာ ထွက်လာသည်။ ပြီးနောက် စားပွဲစွန်းကို ဖိကိုင်၍ ထိုင်ခုံမှ အားပြုထလိုက်သည်။ ယိုင်ခနဲ ဖြစ်သွားသော ခန္ဓာကိုယ်ကို ဦးမိုးငြိမ်က ဖမ်းထိန်းပေး၏။

"ကြည့်။ မင်းကိုယ်မင်းတောင် မနိုင်တော့ဘူး၊ ဒီနေ့ကို ဘယ်နှပုလင်းလောက် သောက်နေတာလဲ"

"pass on"

ဖေဖေသည် သူ့ပုခုံးတဝိုက်သို့ သိုင်းဖက်ထားသည့် ဦးမိုးငြိမ်၏ လက်များကို ထိတ်လန့်စွာ ကြည့်၍ ပုတ်ချလိုက်သည်။ စာဖတ်နေလျက်မှ ထွန်းစသည် သူတို့နှစ်ဦး၏ အရိပ်အကဲကို မမျှော်လင့်ဘဲ လှမ်းကြည့်မိ၏။ ဖေဖေသည် ဦးမိုးငြိမ်ကို ကျောခိုင်း၍ ဒယိမ်းဒယိုင်နှင့် အိပ်ခန်းထဲသို့ ဝင်သွားသည်။

ထွန်းစ မှတ်မိသလောက် ဦးမိုးငြိမ်သည် ဖေဖေ့အား လေပြည်အေးလေးဖြင့် အစဉ် ဖျောင်းဖျရှာသည်။ ဖေဖေက သူ့ တရားရေအေးကို မလိုလား။ ဂရုမစိုက်ဟန်ပြ၍ တွန်းထုတ် ငြင်းဆန်သည်။

ဖေဖေ မရှိတော့မှ ဦးမိုးငြိမ်က သူ့ဘေးသို့ လှမ်းလာသည်။ ငုံ့နေသော သူ့ မျက်နှာကို ကြည့်၍ ဦးမိုးငြိမ်၏ မျက်ဆံများက လှုပ်ခတ်သွားသည်။

Maiden SA ( Complete )Opowieści tętniące życiem. Odkryj je teraz