Episode-7

3.2K 422 81
                                    

Zawgyi.....

ကျွန်တော်အိပ်ရာကနိုးတော့ မိုးသောက်ယံရောင်နီလာစနေမင်းကြီးက ထွက်ပေါ်စသာရှိသေး၏

ထို့ကြောင့် နာရီလက်တံတွေကိုရေတွက်ရင်း အချိန်တွေကိုစောင့်ဆိုင်းနေရသည်က ရှည်ကြာလွန်း၏ စိုးရိမ်စိတ်တွေနဲ့အတူ အိပ်စက်မရတာကြောင့် မနက်ခင်းတစ်ကိုယ်ရည်သန့်ရှင်းခြင်း လုပ်ငန်းဆောင်တာများကိုပြုလုပ်လိုက်၏

ပြီးနောက် မာမီဝယ်ထားတဲ့ ဆေးသေတ္တာထဲကရှိရှိသမျှ ဆေးတွေအားလုံးကိုလွယ်အိတ်ထဲထည့်ကာယူလာပြီးနောက် ဟိုတစ်ယောက်ရဲ့ ကွန်ဒီုဆီသို့ ထွက်လာခဲ့လိုက်သည်

ခေါက်ဆွဲခြောက်နဲ့ အသီးအနှံရယ် ကြက်ဥချောင်းရယ် ပြီးတော့ သန့်စင်ပြီးသားအသားစိမ်းတွေရယ်နဲ့ အဆာပြေစားစရာမုန့်မျိုးစုံကို လမ်းထိပ်က စူပါမားကတ်မှာဝင်ဝယ်ကာ တက္ကစီ ငှားပြီး လာခဲ့လိုက်သည်

မနေ့ညကပြန်လာတော့ ဟိုတစ်ယောက်မသိအောင် အခန်းသော့ကဒ်ကို မသိမသာယူလာခဲ့မိတာကြောင့် သူ့အားအသိပေးမနေတော့ပဲ ကျွန်တော့်ဘာသာပဲ တံခါးဖွင့်ကာဝင်လာခဲ့လိုက်သည်

အခန်းထဲရောက်တော့ ဧည့်ခန်းအရင်ကိုဝေ့ဝဲကြည့်မိ၏ ကန့်လန်ကာတွေချထားတာမို့ မနက်ခင်းနေရောင်ခြည်ရဲ့အလင်းရောင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရပေ

လွယ်အိတ်ကို ဆိုဖာပေါ် တင်ထားလိုက်ပြီး ကန့်လန့်ကာတွေကို အရင်လိုက်ဖွင့်လိုက်၏ ထိုအခါမှ ရောင်ခြည်ဖြာကာ လှပတဲ့နေမင်း၏ ထွက်ပေါ်ခါစ နေရောင်နွေးနွေးကိုခံစားရရှိတော့သည်

ပြီးနောက် ဝယ်လာသမျှ ပစ္စည်းတွေကို ရေခဲသေတ္တာထဲထည့်စရာရှိတာထည့် ဆေးသေတ္တာအသေးလေးထဲ ယူလာသမျှဆေးတွေကို သူ့နေရာနဲ့သူထားထားလိုက်ပြီး မနက်စာအတွက် ဆန်ပြုတ်ပြုတ်ဖို့ပြင်လိုက်၏

ကိုယ်တိုင်တစ်ခါမှမချက်ပြုတ်ဖူးတာကြောင့် ကျွန်တော့်အတွက်တော့ ခက်ခဲပါသည် သို့သော် Googleကနေဆန်ပြုတ်ပြုတ်နည်းကိုရှာထားတာမလို့ သိပ်တော့ စိတ်ပူစရာမရှိဟု ထင်ရ၏

သူတို့ချက်နည်းအတိုင်းချက်ပြုတ်ပါသော်လည်း တစ်ခုမဟုတ်တစ်ခုကလွဲမှားနေတာမို့ ဆန်ပြုတ်တွေကတူးသွားတာနဲ့ အရသာမရှိတဲ့အပြင် ဆန်တွေက ဇက်တောက်ဇက်တောင်ဖြင့်မာသွားတာမလို့ သွန်ပစ်ရတာနဲ့ဆို နှစ်ခါရှိပြီ သို့သော် ကျွန်တော်လက်မလျော့နိုင် နောက်တစ်ကြိမ်ကြိုးစားဦးမည်

You Are MineWhere stories live. Discover now