Episode 42

2.9K 286 25
                                    

Zawgyi...

"မားရဲ့သားလေးပြန်လာပြီလား"

"ဟုတ်ကဲ့"

"အန်တီ မင်္ဂလာပါဗျ"

"မင်္ဂလာပါကွယ်"

မောင့်ကိုပွေ့ဖက်နှုတ်ဆက်နေတဲ့သူမကကျွန်တော့်ကိုတစ်ချက်သာငဲ့ကြည့်ရင်း နှုတ်ဆက်ပြီး မသိကျိုးကျွန်ပြုထားတဲ့ပုံပင်

"လာ ထိုင်ပါဦး ပစ္စည်းတွေချထားခဲ့ မားသားရဲ့အခန်းထဲပို့ခိုင်းလိုက်မယ်"

သူမ‌၏ခိုင်းစေမှုကြောင့် ခရီးဆောင်အိတ်တွေကို ကျွန်တော်တို့နဲ့မတိမ်းမယိမ်းအရွယ်ခပ်နွမ်းနွမ်းကောင်လေးက သယ်ယူပြီး အပေါ်ထပ်တက်သွားလေ၏

ခြေဖျားလက်ဖျားတွေအေးစက်ကာ မောင့်ရဲ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဧည့်ခန်းဆီသို့ဝင်သွားလိုက်၏ မောင်တို့အိမ်ကအကြီးကြီးဖြစ်ပြီး ခြံကလဲ အတော်အတန်ကိုကျယ်သည်

တစ်ခြံလုံးမှာပဲ မြက်ခင်းစိမ်းနဲ့ ပန်းပင်တွေကလဲအစုံအလင်ဖြစ်၏ အိမ်အထဲ၌ ဆိုဖာနဲ့အသုံးပြုထားတဲ့ မီးဆိုင်းတွေ အလှပန်းအိုးတွေနဲ့ တခြားအသုံးအဆောင်မှန်သမျှကလည်း တန်ဖိုးကြီးတွေချည်းဖြစ်သည်

မောင်ကတကယ်ပဲ နေနိုင်လွန်းတယ် သူ့မိသားစုအကြောင်းကိုမမေးရင်မပြောပြတတ်ဘူး အစကတည်းက မောင့်ရဲ့ပုံစံကချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုတာသိပေမယ့် အခုလောက်ကြီးတော့မထင်ထားခဲ့တာအမှန်ပါ

"ပင်ပန်းလာပြီလား မားရဲ့သားလေး"

"ကျွန်တော်အဆင်ပြေပါတယ် ၊ အသက် ပင်ပန်းနေလား"

"ဟင့်အင်း"

"ဒါနဲ့ မင်းကရော ကျောင်းဖွင့်မှသားနဲ့အတူပြန်မှာလား"

"ဟုတ်ကဲ့"

"ဟုတ်ပါပြီ ဒါဆိုလဲ သွားနားကြတော့ ခဏနေရင် ညနေစာစားဖို့လာခေါ်ခိုင်းလိုက်မယ်"

"ဒါဆို ကျွန်တော်တို့သွားနားတော့မယ် မား"

"ခွင့်ပြုပါဦးဗျ"

"ကောင်းပြီ"

မောင်ဆွဲခေါ်ရာနောက်ကို နောက်ကနေထပ်ကြပ်မကွာ လိုက်ခဲ့ရသည် လှေကားအဆင့်ဆင့်ကိုကျော်ဖြတ်ပြီးနောက် သူ၏အိပ်ခန်းရှိရာဆီသို့ရောက်လာခဲ့သည်

You Are MineWhere stories live. Discover now