Zawgyi....
"မောင် ငါ့ကိုစောင့်ဦးလို့"
ခြေလှမ်းကျဲကြီးတွေနဲ့ ဆိုင်ကယ်ရှိရာဆီကိုလျှောက်သွားနေတဲ့နေတဲ့မောင်က ကျွန်တော် လှမ်းခေါ်နေသော်လည်း လှည့်မကြည့်လာ မောင့်ရဲ့ သဝန်တိုမှုတွေက ချစ်သူဖြစ်ပြီးကာမှ ရာနှုန်းပြည့်ပေါ်လာတော့သည်
အစကတော့ သူပဲလူကိုကြိမ်းမောင်းပြီး တစ်ခုမှလဲအကောင်းမပြောခဲ့ဘူး ဘယ်သူကထင်မှာလဲလေ အေးတိအေးစက်နိုင်လွန်းတဲ့မောင်က အခုလို သဝန်တိုတတ်မယ်လို့ သို့သော်လည်း မထင်မှတ်ထားတဲ့မောင့်ရဲ့ပြောင်းလဲမှုတွေကို သဘောကျမိ၏
ဆိုင်ကယ်ရပ်ထားတဲ့ဆီသို့ရောက်ဖို့ရန် စက်ဘီးတွေဆိုင်ကယ်တွေသွားလာလို့ရတဲ့ လမ်းကျဉ်းနေရာလေးအရောက်မှာတော့မောင့်ရဲ့ခြေလှမ်းတွေကရပ်တန့်သွား၏ သူ့အနားကိုအမြန်ပြေးသွားလိုက်ကာ သူ၏ဘေးနားယှဉ်ရပ်လိုက်သည်
ထိုစဉ် ကျွန်တော့်ရဲ့လက်ကိုဆုပ်ကိုင်လာတဲ့မောင့်ရဲ့ လက်တစ်စုံကြောင့် အမောတောင်ပြေသွားရ၏ အရင်တစ်ခါ ဆိုင်ကယ်နဲ့တိုက်မိမလိုဖြစ်ကတည်းက မောင်ကလမ်းကူးခါနီးတိုင်း ဘယ်တော့မှတစ်ယောက်တည်းပေးမကူးတော့တာ အခုထိပင်
"မောင် ဘာဖြစ်နေတာလဲလို့ ရုပ်ကြီးကလဲစူပုပ်နေတာပဲ"
"ဘာမှမဖြစ်ဘူး"
လမ်းတစ်ဖက်ကိုကူးရင်း မောင့်မျက်နှာလေးကို စောင်းငဲ့ကြည့်ကာဆိုလိုက်၏ မောင်ကတော့ကျွန်တော့်ကိုလှည့်မကြည့်ဘဲ မျက်နှာကိုအရှေ့သို့မူရင်းသာ ခွန်းတုံ့ပြန်၏
ဆောင်းနေကျဆိုင်ကယ်ဦးထုပ်ကို ကျွန်တော့်ဆီကို ကမ်းပေးလာပြီးသူလည်းပဲ ဆိုင်ကယ်ပေါ်ခွထိုင်လိုက်ပြီး ဦးထုပ်ကိုဆောင်းနေ၏ ပြီးတော့ သူ၏နောက်ကိုဝင်ထိုင်ရင်း ခါးကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်
ဒါကျတော့ စိတ်ကောက်နေတဲ့မောင်က မရုန်းဘူးလေ အရင်လိုကျွန်တော့်လက်ကိုပြန်ပြိးဆုပ်ကိုင်ထားတာမျိုးသာမရှိတော့တာ လမ်းခုလပ်ပင်ရောက်နေပြီ မောင်ကအခုထိ စကားတစ်ခွန်းမှလဲမပြောသေးဘူး