Episode -16

3K 376 34
                                    

Zawgyi...

မိုးကောင်းကင်ဟင်းလင်းပြင်ကြီး၌ ထိန်ထိန်သာတဲ့လမင်းကြီးလဲ မရှိသလို တဖျပ်ဖျပ်လဲ့နေတဲ့ ကြယ်လေးတွေလဲ ကွယ်ပျောက်နေပြီး ပြိုကျတော့မယ့်ဆဲဆဲ တိမ်မည်းတွေကြောင့် ညအမှောင်ယံကပိုမို ကြီးစိုးနေသယောင်ခံစားရသည်

မိုးခြိမ်းသံနဲ့ ငွေရောင် လျှပ်စီးတို့လင်းလက်ချိန်တိုင်း ထိတ်လန့်စိတ်တို့က ဖြစ်နေကြဆိုပေမယ့် ဒီညကတော့ ပိုပြီး ကြောက်လန့်ဖွယ်ရာအလားထင်မိသည်

တသိမ့်သိမ့် တုန်ရီလှိုက်ဖိုနေတဲ့ရင်အစုံက မောင့်ကြောင့်လား ကြောက်စိတ်လား မဝေခွဲနိုင်

ကုတင်ပေါ်မှာ ထိုင်နေတဲ့မောင့်ကိုကြည့်ရင်း နားထဲအကြိမ်ကြိမ်ကြားယောင်မိသည်က Friend with Benefit ဆိုတဲ့ဆက်ဆံရေးကြီးပင် ပေးဆပ်ဖို့အတွက် အဆင်သင့်ရှိပေမယ့် ဒီအခြေအနေ မျိုးနဲ့တော့မဟုတ်

အခုလိုတွေးမိတာက မောင့်ကိုမယုံကြည်တာမျိုးလဲမဟုတ်ပေမယ့် သာမာန်ထက်ပိုတဲ့ပက်သက်မှုမျိုးမှာရှိနေတဲ့ ယောကျာ်းသားနှစ်ယောက်က တစ်ညတာကို အတူတူကျော်ဖြတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမျိုးတော့မဟုတ်ပေ

အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့သူတွေမလို့ တောင့်တစိတ်ကိုထိန်းချုပ်ဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ သိနှင့်နေ၏

တချို့သူတွေခံယူထားတာက Love = Sexတဲ့ ဒီအဆိုကိုမငြင်းပယ်နိုင်‌ပေမယ့် ကျွန်တော်ကတော့ သိပ်ဘဝင်မကျ အကယ်၍ ကိုယ့်ဘက်ကသာယာမှုမပေးနိုင်တဲ့အချိန်ကျရင် အချစ်တွေကပျက်စီးသွားမှာမဟုတ်လားလေ

ကျွန်တော့်အတွက်ကတော့ Love = Love ပါပဲ မပိုင်ဆိုင်ရလဲ ချစ်တယ် နာကျင်ရလဲ ချစ်တယ်
သူပြန်မချစ်လဲ အဆင်ပြေပါတယ်လို့ မညာချင်ပေမယ့် တစ်ဖက်သတ်ချစ်နေရမယ်ဆိုလဲ ချစ်တယ်

အချစ်ဆိုတဲ့အရာကို စကားလုံးတွေအများကြီးနဲ့ စီကာပတ်ကုံးသီမပြနိုင်ပေမယ့် ကျွန်တော် သူ့ကိုချစ်တယ် သူဖြစ်နေလို့ကို ရူးရူးမူးမူးချစ်တယ် သူနဲ့ပက်သတ်ရင် သူ့အချစ်ကိုလိုချင်တဲ့ အတ္တစိတ်လေးကလွဲရင်

You Are MineWhere stories live. Discover now