Zawgyi...
ရွှတ်!!
ပါးပြင်ပေါ်ထိတွေ့လာတဲ့ အေးစက်စက်အနမ်းတပွင့်ကြောင့် အိပ်ပျော်နေသူ၏ ကိုယ်လုံးလေး ဆတ်ခနဲတွန့်သွား၏ သို့သော် ရင်ဘတ်ပေါ်က ဂွမ်းစောင်လေးကို ပခုံးပေါ်ထိမျက်နှာပေါ်ရုံသာ ဆွဲခြုံရင်း လူးလိမ့်ကာပြန်အိပ်နေလိုက်သည်
သို့သော် အမှန်တကယ်အိပ်နေခြင်းလားဆို၍တော့ ဟုတ်မနေခဲ့ !!
"အသက် ထတော့လေ နောက်ကျမယ် စာမေးပွဲဖြေရက်ကြီးကို"
"အွန်း !!! ခဏလေးပဲ"
အတူရှိနေတဲ့အချိန်တွေကသိပ်ကိုအကုန်မြန်၏ မောင်နဲ့အတူဖြတ်သန်းလာတဲ့ တနေ့တာကကြည်နူးဖို့ကောင်းလွန်း၍ထင်ပါရဲ့အချိန်တွေကုန်မှန်းမသိကုန်သွားခဲ့ရသည်
တနေ့တာကိုစတင်ဖို့ မနက်ခင်းလေးမှာ မောင့်ရဲ့အနမ်းတွေနဲ့နိုးထရခြင်းကလဲ ကျွန်တော့်အတွက်တော့ အားအင်တစ်ခုလိုပင်
"မရဘူး မင်းမနက်စာစားရင်လဲကြာဦးမှာ ပြီးတော့ မောင်တို့စာပြန်နွေးရဦးမယ်လေ"
"..."
"အသက် ထကွာ မထရင်မောင်တအားနမ်းမှာနော်"
"ဟင့်အင်း"
တအားအနမ်းခံလို့တော့မဖြစ် မောင်ကအခုနောက်ပိုင်း အရင်ကထက်ပိုဆိုးလာတယ် နမ်းလိုက်ရင်လဲ မညင်သာ နှုတ်ခမ်းတွေပေါက်ပြဲတဲ့အထိကို သူ့စိတ်ထဲရှိသလို ဇွတ်နမ်းတာ
"ဟင့်အင်းဆို ထတော့လေ "
"မင်းကိုမချစ်တော့ဘူး"
"ဘာလို့လဲ"
"အိပ်ချင်လို့ပါဆို ငါးမိနစ်ပဲလို့"
"အိပ်ကွာ အိပ် မောင်လဲစောင့်နေမယ်"
ပြောရင်း ကျွန်တော့်မျက်နှာချင်းဆိုင်သို့ဝင်လှဲပြီး ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်မရတော့သည်အထိ တင်းကြပ်နေအောင်ဖက်တွယ်ထား၏ ခြေထောက်တွေကလဲ ခွလျက်သားကိုမှ သူနဲ့ကျွန်တော့်ရဲ့ ခြေဖျားအချင်းချင်းကို ပွတ်သပ်နေ၏
Bathrobe တစ်ထည်သာဝတ်ထားတာကြောင့် မောင့်ခန္ဓာကိုယ်ရဲ့ အေးစက်မှုကိုကျွန်တော့်အတိအကျခံစားမိသည်