ကျေးဇူးတင်လွှာ

1.2K 175 37
                                    

ကျေးဇူးတင်လွှာ

ချစ်ရတဲ့ စာဖတ်သူလေးတို့ရေ
မောင်နဲ့မောင့်အသက်ကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်နော် ချစ်ရတဲ့ ကလေးငယ်နှစ်ယောက်အတွက် ဖန်တီးမှုလေးကို အစကနေအဆုံးထိ အတူလိုက်ပါစီးမြောပေးတဲ့ စာဖတ်သူတစ်ယောက်ချင်းစိီကို နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေ ကျေးဇူးအထူးတင်ပါတယ်ရှင့်

အခုနောက်ပိုင်းတွေ မအားလို့ဆိုတဲ့အကြောင်းပြချက်လေးနဲ့updateကြာနေတာကိုလဲ သတိထားမိကြမယ်ထင်ပါတယ် တကယ်တော့ ဒီနေ့လိုခွဲခွာရမယ့်နေ့ရက်တွေကို မရောက်စေချင်လို့ပါ သို့ပေမယ့် ရှောင်လွှဲလို့မရတဲ့နေ့ရက်ကလေးကရောက်ရှိလာခဲ့ပြီ ညှိုးငယ်စွာနဲ့ပဲ အသိပေးပါရစေ

ဟန်နီ စာရေးသူအဖြစ်ကနေရပ်နားပါပြီရှင် You Are Mine လေးပြီးတဲ့နောက်ပိုင်း honey-9297 စာရေးသူတစ်ဖြစ်လဲ ဟန်နီကမရှိတော့ပါဘူးရှင် ကလေးနှစ်ယောက်ရဲ့ချစ်ခြင်းတွေကို စာလေးမဖွဲ့သီရရင်မနေနိုင်တဲ့ ကျမဒီဆုံးဖြတ်ချက်ကိုချဖို့ သိပ်ကိုခက်ခဲခဲ့ပါတယ် လွှတ်ချလိုက်ဖို့ မဝံ့မရဲဖြစ်ရပေမယ့် ရှေ့ဆက်ဖို့လဲ အင်အားမရှိတော့ပါဘူး

မတည်နိုင်ခဲ့တဲ့ ကတိတချို့အတွက်လဲ တောင်းပန်ပါတယ် YAM လေးကိုစာအုပ်ထုတ်မယ်လို့စဥ်းစားမိခဲ့ပေမယ့်လည်း ကိုယ့်ကိုယ်ကိုလဲ ယုံကြည်ချက်ရှိမနေတော့တာကြောင့် မထုတ်ဖြစ်ဖို့ကတော့သေချာသလောက်ဖြစ်နေပါပြီ ခံစားချက်ကတော့ အဆိုးဆုံးအခြေအနေမှာရှိနေတာမို့ ယတိပြတ်မပြောနိုင်သေးပါဘူး အသဲကွဲနေတယ်ပြောရမလား နာကျင်တယ်ရှင့်

ဟန်နီ့ရဲ့စာရေးသူခရီးတစ်လျှောက်မှာ ဟိုးအစကနေအတူရှိနေပေးတဲ့သူလေးတွေရော လမ်းခုလတ်တစ်နေရာကနေလိုက်ပါစီးမြောပေး ခဲ့တဲ့သူလေးတွေရောအားလုံးကိုချစ်ပါတယ်ရှင့် ဟန်နီ့ရဲ့ခရီးလေးက လမ်းဆုံးကိုရောက်သွားပြီမို့ ဒီနေရာလေးမှာ ဒီလောက်နဲ့ပဲ လမ်းခွဲနှုတ်ဆက်ကြမယ်နော် မောင့်အသက်ဆိုတဲ့ နာမ်စားလေးကိုတီးတိုးရွတ်ဆိုမိတိုင်း ဟန်နီတို့ရဲ့အတူရင်ခုန်ခဲ့တဲ့အချိန်လေးတွေကို သတိရပေးပါဦး တစ်ခုတည်းသောဆန္ဒလေးပါ

Ficလေးတွေအားလုံးကို အစအဆုံးသေချာလေး ပြန်လည်ပြင်ဆင်ပေးပါဦးမယ်ရှင့် သြော် ! Omegaလေးကိုလဲ ဟန်နီ အဆုံးသတ်ပေးမှာပါရှင် YAM extraလေးလဲရှိပါဦးမယ် အချိန်လေးနည်းနည်းတော့ပေးပါ ဟန်နီရယ်လို့ လက်ခံပေးခဲ့တဲ့ သည်းငယ်လေးတို့ကို အရမ်းချစ်တယ်ဆိုတာတော့ ယုံပေးပါ

2023 နှစ်သစ်လေးမှာ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ တစ်နှစ်ပတ်လုံး ကံကောင်းခြင်းတွေရရှိကြပါစေ စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့သာ တွေ့ကြုံရပါစေ ပျော်ရွှင်တဲ့ဘဝလေးကိုသာပိုင်ဆိုင်နိုင်ကြပါစေရှင်

                                                 ချစ်တဲ့ ဟန်နီ
                                                   30.12.2022
                                                      Friday 🖤

You Are MineWhere stories live. Discover now