Zawgyi......
"ငါ့ကိုချစ်လား"
"ချစ်တယ် မင်းကရော ငါ့ကိုချစ်လားဟင်"
"ငါ့ကိုချစ်ရင် ငါ့စကားကိုနားထောင်မှပေါ့ ငါကဒါမလုပ်နဲ့ဆိုဆက်မလုပ်နဲ့လေ ဘာလို့ စိတ်တိုအောင်လုပ်ရတာလဲ"
မောင်ကကျွန်တော်မေးတာကို မဖြေပြန်ဘူး
"ငါမင်းစကားနားထောင်ပါတယ် ငါ့ဘက်ကနေစပြီးဘယ်သူ့ကိုမှသွားမပက်သက်ခဲ့ဘူး ဒါပေမယ့် မင်းလဲငါ့နေရာကနေတွေးပေးကြည့်ဦးလေ ယွန်းဂီဟျောင်းက ငါ့ကိုအဖြူစင်ဆုံးချစ်နေပေးတဲ့သူတစ်ယောက် မင်းလိုမချစ်ပဲနဲ့ အနိုင်မကျင့်ဘူး"
မောင့်ရဲ့ နှာခေါင်းထိပ်ကလေးကိုလက်ညှိုးလေးနဲ့တို့ကာ ဆိုလိုက်တော့ မောင်က ကျွန်တော့် ကို မျက်ခုံးပင့်ပြ၏
"..."
"ငါ့ကိုကူညီဖို့အသင့်ရှိနေတဲ့သူကိုငါကဘယ်လို နှင်ထုတ်ရမလဲ ငါမလုပ်နိုင်ဘူးမောင် ယွန်းဂီဟျောင်းဖြစ်နေလို့ကို ငါမနှင်ရက်ဘူး ငါကမင်းလိုအသည်းမမာဘူးမောင်ရဲ့ မင်းသာငါ့ကိုအော်ဟစ်နေတာ "
"..."
"ဒါပေမယ့် ငါသူ့အပေါ်ဘာစိတ်မှမရှိဘူး တကယ်ရိုးသားတယ် မောင်စိတ်မပူပါနဲ့ သူနဲ့ငါကမဖြစ်နိုင်ပါဘူး ငါချစ်တာ မင်းတစ်ယောက်တည်း"
"မလိုချင်ဘူး နောက်တစ်ခါငါမင်းကိုသူနဲ့အတူမမြင်ချင်ဘူး ငါဘယ်လောက်ထိ ရင်ပူရလဲမင်းသိလား"
"မောင်ပြောပြမှသိမှာပေါ့ ပြောပြပါလား တစ်ခါလောက်ဖြစ်ဖြစ် မင်းခံစားချက်အစစ်အမှန်ကို ငါသိချင်လို့ပါ"
"အချိန်တန်ရင်ပြောပြမှာပေါ့ မင်းသိထားရမှာ က ငါကမင်းချစ်တဲ့သူ မင်းကငါ့အပိုင် ငါကလွဲပြီးတစ်ခြားဘယ်သူနဲ့မှ မပက်သက်ရဘူး သူတို့ပက်သက်လာရင်လဲ မင်းလက်ခံစကားပြောစရာမလိုဘူး မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"
"အင်းပါ မင်းကိုငါယုံကြည်တာမလို့ မင်းအဆင်သင့်ဖြစ်တဲ့အချိန်ထိစောင့်နေပါ့မယ်"
"ချစ်စရာလေး"
မောင်ကကျွန်တော့်ရဲ့ ပါးပြင်လေးကို သူ့ရဲ့နှာခေါင်းလေးနစ်ဝင်သွားအောင် ဖိကပ်နမ်းရှိုက်လာ၏