Zawgyi......
အမြဲတမ်းဝယ်သူတွေတန်းစီနေတဲ့ ရေခဲမုန့်သည် ဆိုင်သို့ ဒီတစ်ခါတော့ကျွန်တော်တိုးဝှေ့မဝယ်ရ မလှမ်းမကမ်းကချယ်ရီပင်အောက်ကခုံမှာထိုင်ရင်းသာ သူ့ကိုစောင့်နေရလေ၏ ခဏကြာတော့ ရေခဲမုန့် သုံးခုနဲ့အတူ ကျွန်တော့်ဆီသို့သူပြန်လာခဲ့သည်
"စားလို့ရပါပြီခင်ဗျ"
ကျွန်တော့်ဆီသို့ စတော်ဘယ်ရီရေခဲမုန့်ခွက်ကလေးကိုကမ်းရင်းဆိုလာ၏
"ဟင်! ဟျောင်း ကျွန်တော်ကနှစ်ခုလေ"
"မရဘူး"
"ဟျောင်းကကပ်စီးနည်းလိုက်တာ ကျွန်တော့်ဘာသာသွားဝယ်မယ်"
နှစ်ခုစားနေကြပါဆို ကပ်စေနည်းပြီးတစ်ခုတည်းဝယ်လာတယ် ကြည့်တော့ sugar daddy ပုံစံကြီးနဲ့ ဟွန့်!
ကျွန်တော် မတ်တပ်ထရပ်ကာ ရေခဲမုန့်သည်ကြီးဆီသို့သွားဖို့ ပြင်လိုက်ပေမယ့် ကျွန်တော့်ရှေ့သို့ ပိတ်ရပ်လာတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြီးကြောင့် ကျွန်တော့ခြေလှမ်းတွေ ရှေ့ဆက်မရ
ဘယ်ဘက်ကနေသွားဖို့ပြင်လိုက်ရင် သူ၏ခန္ဓာကိုယ်ကြီးကဘယ်ဘက်သို့ယိမ်းလာ၏ ညာဘက်ကနေသွားဖို့ပြင်လိုက်ပြန်ရင်လည်း ညာဘက်သို့ လိုက်ယိမ်းကာ ပိတ်ရပ်နေပြန်၏ သူ့ရဲ့ခန္ဓာကိုယ်ကြီးကို ဘယ်ညာယိမ်းကာတားဆီးနေ၏
ထို့ကြောင့် ကျွန်တော် သူ၏မျက်နှာကိုမကျေမနပ်ကြည့်ပေးလိုက်သည် သို့သော် မျက်ဝန်းတစ်ဖက်ကိုဖျက်ခနဲ့ ရုတ်တရက်မှိတ်ပြလာတဲ့သူ့ကြောင့် ကျွန်တော်ကပဲအရှက်ရကာ အကြည့်ချင်းရှောင်လွှဲလိုက်ရသည်
"ကိုယ်က ကပ်စေးနည်းတာမဟုတ်ဘူး မင်းကိုအဲ့ထက်ကောင်းတဲ့ ရေခဲမုန့်ဆိုင်ပါဖွင့်ပေးလိုက်လို့ရတယ်"
"ဒါဆိုလဲ တစ်ခုထပ်ဝယ်ပေး"
"မရဘူး ချောင်းဆိုးမယ် ကလေးလိုဆိုးမနေနဲ့ ကိုယ်မင်းအလိုလိုက်မှာမဟုတ်ဘူးနော်"
ပြောတဲ့ပုံကိုကြည့် ရေခဲမုန့်လေး တစ်ခုဝယ်ကျွေးပြီး မသိရင်သူအများကြီးအလိုလိုက်နေရတဲ့ပုံနဲ့!!
"လိမ္မာတယ် ကိုယ်နောက်နေ့ကျရင် ထပ်ဝယ်ကျွေးမယ် သွားရအောင် တခြားသူတွေ ကိုယ်တို့ကိုစောင့်နေလောက်ပြီ"
