Zawgyi......
လူအများကြားထဲ ရေခဲမုန့်ကို အလုအယက်ဝယ်ပြီးတဲ့နောက် သူ၏ဘယ်ညာလက်တစ်ဖက်စီ၌ ရေခဲမုန့်နှစ်ခွက်စီဖြင့်ဆုပ်ကိုင်ထားရတာကြောင့် လွယ်အိတ်ထဲကပိုက်ဆံကိုနှိုက်ဖို့ရန်အခက်တွေ့နေရတော့သည်
အကူအညီတောင်းဖို့အတွက်ဘေးနားကို ဝေ့ဝဲကြည့်လိုက်တော့ ကားဘော်ဒီကိုမှီပြီး ဖုန်းပြောနေတဲ့သူတစ်ယောက်ကိုတွေ့သွားခဲ့၏
ခပ်ဖွာဖွာဆံပင်တွေကို အနီရောင်ဆိုးထားပြီး သူနဲ့ယှဉ်ရင်မော့ကြည့်ရလောက်တဲ့အရပ်အမောင်းကိုလဲပိုင်ဆိုင်ထား၏
ထို့အပြင် တောင့်တင်းကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ဖြစ်ပြီး ဝတ်စားထားပုံကလဲသိပ်ကိုဖက်ရှင်ကျကာ ချောမောလွန်းလှ၏
"ယွန်းဂီ ဘယ်နားမှာလဲမင်းက "
"အေး ! ငါအခုလာပြီ"
ဖုန်းကိုချလိုက်ပြီးနောက် သူ၏အနားသို့မယောင်မလည်နဲ့ကပ်လာတဲ့ အထက်တန်းကျောင်းသားဝတ်စုံလေးနဲ့ကောင်လေးကိုကြည့်ရင်းရယ်ချင်မိသွား၏
ဘယ်လောက်တောင်ကလေးဆန်လိုက်လဲ ရေခဲမုန့်တွေကလဲ လက်သေးသေးလေးနဲ့ မဆန့်အောင်ကိုင်ထားသေး၏
"ဟိုလေ ကျွန်တော့်ကို အိတ်ထဲက ပိုက်ဆံအိတ်လေးနှိုက်ပြီး ရေခဲမုန့်သည်ဦးလေးကြိးကိုပေးပေးပါလားဟင်"
"ကိုယ်ကလား"
"ဟုတ် ကူညီပါနော် ကျွန်တော်လက်မနိုင်တော့လို့"
"အဲ့လောက်အများကြီး မင်းတစ်ယောက်တည်းစားမှာလား"
"ကျွန်တော်က နှစ်ခု ကျန်တာသူငယ်ချင်းအတွက်"
"သြော် ဟုတ်ပြီ ကိုယ်ရှင်းလိုက်မယ်"
ပြောရင်းဆိုရင်းပဲ ရေခဲမုန့်သည်ဦးလေးကြီးဆီသို့သွားကာကျသင့်ငွေထုတ်ရှင်းနေ၏ သို့သော် ဂျီမင်းအိတ်ထဲကတော့မဟုတ် သူ၏ပိုက်ဆံအိတ်ထဲကဖြစ်၏
"အာ! ကျွန်တော့်ပိုက်ဆံမှမဟုတ်တာ မရှင်းပါနဲ့"
"ကလေးကျနေတာပဲမင်းက ကိုယ်ဝယ်ကျွေးတာလို့သတ်မှတ်လိုက်"