Zawgyi.....
"ဆော့ဂျင်ရှီ နောက်ကျမှဘယ်လိုဖြစ်လို့ရောက်လာတာလဲ ဦးလေးတို့တောင်ပြန်တော့မှာ "
"ဦးလေး မောင်ဘယ်မှာလဲ ရုံးခန်းထဲမှာလဲမရှိဘူး"
တနေကုန်လုံး အိမ်ကိုပြန်မလာဘူး ပုံမှန်ဆိုနေ့လည်စာ အတူစားနေကြရယိပါ အခုကျွန်တော့်ကိုလဲဖုန်းမဆက်ဘူး အပန်းဖြေစခန်းဘက်မှာများရှိမလားလို့မားကိုဖုန်းဆက်ကြည့်တော့လဲမရှိဘူးတဲ့
ဘယ်လိုပဲသူ့နေရာ သူ့ဇာတိပြောပြော စိတ်ပူရလွန်းလို့လူကနေမထိထိုင်မသာဖြစ်ရတယ် အိမ်ကနေထိုင်မစောင့်နိုင်လို့ သစ်သီးခြံဘက်လိုက်လာပြန်တော့လဲ ခြံထဲမှာရှိမနေပြန်ဘူး မောင်တစ်ယောက်ဘယ်တွေသွားပြီး ဘာတွေလုပ်နေတာလဲ
"မနက်အစောပိုင်းကတော့ ခဏလာသွားတယ် ပြီးတော့အပြင်ပြန်ထွက်သွားတာ ဦးလေးတော့အခုထိပြန်လာတာမမြင်မိသေးဘူး"
"ဟုတ်လား"
"ဒီနေ့ စတော်ဘယ်ရီတွေခူးထားတယ် အိမ်ယူသွားဦးမလား"
"တော်ပြီဗျ မနက်ဖြန်မှလာခူးစားမယ်"
"ဟုတ်ပါပြီဗျာ"
ဘယ်လိုအကြောင်းပြချက်တွေရှိနေလို့ တနေကုန်ပစ်ထားနိုင်ရတာလဲ ဖုန်းခေါ်တော့လဲမကိုင်ဘူး မောင်ဘာတွေလုပ်နေတာလဲ အလုပ်ရှုပ်နေလို့လား ဒါမှမဟုတ် ကျွန်တော်တစ်ခုခုအမှားလုပ်မိလို့များသူစိတ်ဆိုးနေတာလား မောင်စိတ်ဆိုးရဖို့ဘာတွေများလုပ်ခဲ့မိပါလိမ့်
မစဉ်းစားတတ်တော့ဘူး အတွေးတွေနဲ့တင် လူက ကယောင်ခြောက်ချားနဲ့ ရူးသွားမတတ်ခံစားရတယ် မတွေ့ရတဲ့အဆုံး တုံ့နှေးနေတဲ့ခြေလှမ်းတွေဖြင့် အိမ်ပြန်ပြီးစောင့်နေလိုက်ဖို့သာဆုံးဖြတ်လိုက်၏
ထိုစဉ် ကျွန်တော့်ရဲ့ မြင်ကွင်းထဲကိုရောက်လာတဲ့ ပုံရိပ်အချို့ မောင့်ရဲ့ကားပေါ်ကနေဆင်းလာပြီး လက်မောင်းကိုတွဲချိတ်ကာ ရုံးခန်းဆီသို့ဝင်သွားတဲ့ မောင်နဲ့ သူ၏အတွင်းရေးမှူးဆိုသော သူမ ဘယ်လောက်အကျည်းတန်လိုက်တဲ့မြင်ကွင်းလဲ
မောင်ကကျွန်တော့်ကို ပစ်ထားရတဲ့အကြောင်းပြချက်က သူမလား လုပ်ရက်လိုက်တာ ထိရှလွယ်တဲ့နှလုံးသားလေးကိုမှ ဘာအငြိုးတွေနဲ့မောင်က ထပ်ခါထပ်ခါနာကျင်ခံစားစေရတာလဲ