Zawgyi....
ဥတုရာသီတွေ အလီလီပြောင်းလဲလာ ခုနှစ်,နှစ်ဆိုသော အချိန်ကာလတစ်ခုထိကိုကြာမြင်ခဲ့လေပြီ !!
အထက်တန်းအောင်ပြီးနောက် ကျွန်တော်က အနုပညာကျောင်းကို အထူးပြုတက်ခဲ့တယ် သူကတော့ ဆေးကျောင်းအမှတ်မှီသော်လည်း စီးပွားရေးကိုသာအထူးပြုတက်ခဲ့တယ် တက္ကသိုလ်တက်တဲ့အချိန်ကစပြီး သူ့ရဲ့ကွန်ဒိုမှာပဲ ကျွန်တော်တို့နှစ်ယောက် အတူနေဖြစ်ခဲ့ကြသည်
သို့သော် ကျောင်းပြီးလို့ တရားဝင်လက်ထပ်ပြီးတာ နှစ်,နှစ်နီးပါးတော့ရှိရောလေ အဲ့နောက်ပိုင်း မောင်နဲ့အတူ ဘူဆန်မှာပဲနေဖြစ်တာများ၏ တစ်ယောက်ကိုတစ်ယောက် သဝန်တွေတိုရင်း ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ တစ်နေ့တာကကုန်ဆုံးနေရသည်မို့ ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက အထွေအထူးရယ်လို့တောရှိမနေခဲ့
Flim majorနဲ့ကျောင်းပြီးခဲ့သော်လည်း အနုပညာအလုပ်တွေနဲ့တော့ လားလားမျှမဆိုင်တဲ့သူတစ်ယောက်အနေနဲ့ရပ်တည်နေပါတယ် သဝန်တိုလွန်းတဲ့မောင့်ကြောင့် ဘာအလုပ်မှကိုလုပ်ခွင့်မရလိုက်ပါဘူးလေ
ကျွန်တော့်ရဲ့တာဝန်ကမောင့်ကိုချစ်နေဖို့ပါပဲ ကျွန်တော်ကိုယ်တိုင်ကလဲ အရင်လိုပဲမောင့်အပေါ်မပြောင်းလဲ ချစ်နေဆဲပါ သို့သော် အသက် နှစ်ဆယ့်ငါးနှစ်အရွယ်မောင်ကတော့ တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီဖြစ်၏
ယောကျာ်းဆန်တဲ့မောင့်ရဲ့မျက်နှာကပိုမိုပြေပြစ်ကာ ချောမောလာသလို ခန္ဓာကိုယ်အချိုးအစားကလဲ တောင့်တင်းကာကျစ်လျစ်လာ၏ ထို့အပြင် ကျွန်တော်ရေးခြစ်ထားတဲ့ပုံလေးတွေနဲ့အတူ တခြားမောင့်စိတ်ကူးပူံရိပ်တွေက ညာဖက်လက်တစ်ဖက်လုံးလိုလို တက်တူးတွေဖြင့်ပုံဖော်ထား၏
ခြုံငုံပြောရမယ်ဆိုရင် မောင်ကအရမ်းကိုမိမိုက်နေတာမျိုးဖြစ်သည် နေ့ရက်တိုင်းမောင့်မျက်နှာလေးကိုငေးကြည့်ခွင့်ရနေခဲ့သော်လည်း ကျွန်တော့်အတွက်တော့ ငြီးငွေ့ဖွယ်ရာမရှိ မောင့်ရင်ခွင်ထဲကနိုးထခွင့်ရတဲ့ မနက်ခင်းတိုင်းက နေ့သစ်တစ်နေ့ကိုစတင်ဖို့ အကောင်းဆုံးဖြစ်၏