Zawgyi......
လွမ်းတဲ့စိတ်တွေနဲ့နိုးထရတဲ့ မနက်ခင်းကလှပမနေခဲ့ မောင်ကနေနိုင်လိုက်တာ တစ်ညလုံးဖုန်းကိုတစ်ခါတောင်မခေါ်ခဲ့ဘူး မျှော်နေရတဲ့သူသာမောပြီးအိပ်စက်ခဲ့ရလေသည်
မောင်တကယ်ပဲကျွန်တော့်ကိုမယုံကြည်တာလား!
သဝန်တိုတာ ချစ်လို့ဆိုပေမယ့် နားလည်မှုမရှိပါပဲ အတ္တကြီးပြီး ချုပ်ခြယ်တာကတော့ ချစ်လို့သဝန်တိုတာပါလို့ ဆိုလို့ရပါ့မလားလေ
ကိုယ်မကျူးလွန်တဲ့အရာအတွက် စွပ်စွဲပြောဆိုပြီးတစ်ဖက်သက်ထင်မြင်ချက်တွေနဲ့ တယူသန်လွန်းတဲ့မောင့်ကိုနားလည်ဖို့က ခန့်မှန်းရခက်လိုက်တာ
တစ်သက်မှာတစ်ခါသာချစ်ခဲ့တာမို့ မောင်အပြင်နောက်လူဆိုတာဘယ်တော့မှရှိလာမှာမဟုတ်တဲ့ ကျွန်တော့်အတွက်တော့ မောင့်မျက်နှာသာလျှင်တစ်ကမ္ဘာပါပဲ သို့ပေမယ့် မောင့်ရဲ့စကားလုံးကြမ်းကြီးတွေက နာကျင်ရသည်
ကုတင်ဘေးနားကစားပွဲခုံပေါ်တင်ထားတဲ့ မှန်ဘောင်လေးကိုလှမ်းယူကာ မောင့်ဓာတ်ပုံလေးကို အနမ်းလေးပေးရင်း အတွေးတွေကိုရပ်တန့်ပစ်လိုက်သည် စိတ်ဆိုးနေသည့်တိုင် မောင့်မျက်နှာလေးကိုတွေ့ချင်တာမို့ ကျောင်းသွားဖို့ရန်ပြင်ဆင်ရဦးမည်
ပြီးတဲ့နောက်...
မနက်စာစားနေတဲ့ အာပါးကိုလဲစောင့်မနေချင် ကိုယ်တိုင်ကလဲစားချင်စိတ်မရှိတော့တာကြောင့် ကျောင်းသွားဖို့ရန် ဘက်စ်ကားမှတ်တိုင်ဆီသို့သွားရန်ထွက်လာခဲ့လိုက်သည် သို့သော် မထင်မှတ်ထားတဲ့ မြင်ကွင်းလေးတစ်ခု
မောင်!!
သူက ခြံရှေ့အကွယ်လေးမှာ ဆိုင်ကယ်ပေါ်ထိုင်ပြီး ကျွန်တော့်အား မျက်တောင်မခတ်တမ်းကြည့်နေ၏ ဘယ်အချိန်ကတည်းကရောက်နေခဲ့တာလဲလေ စောစောစီးစီး လက်ကြားထဲမှာလဲစီးကရက်ကိုညှပ်ကာဖွာနေ၏
စိတ်ဆိုးချင်သေးတာမလို့ သူ့ရှေ့နားကနေခပ်သွက်သွက်လျှောက်သွားဖို့ပြင်လိုက်၏ သို့သော် မောင်က ဆိုင်ကယ်ပေါ်ကနေခုန်ဆင်းကာ ကျွန်တော့်ရှေ့သို့ပိတ်ရပ်လာ၏
![](https://img.wattpad.com/cover/315471256-288-k451621.jpg)