Zawgyi......
ဒီနေ့ကျောင်းသား ဥက္ကဋ္ဌရွေးပွဲနဲ့ အားကစားအတွက် ကိုယ်ဝါသနာပါတဲ့အသင်းဆီသို့ဝင်ဖို့ရန်အတွက် စာရင်းပေးကြမှာမလို့ ကျောင်းသားအားလုံး ခန်းမ၌ ရုတ်ရုတ်သဲသဲဖြင့်ဆူညံနေကြသည်
"မင်းဘယ်အသင်းဝင်မှာလဲ ဆော့ဂျင်"
"ငါဒီနှစ် ဂီတအသင်းထဲဝင်မလားလို့"
"မင်းကလဲ ဒီတစ်နှစ်တော့ ငါတို့ရေကူးအသင်းထဲဝင်ကြမယ်လေနော် ဟိုဆော့ မင်းရော ဝင်မှာမလား"
"အေးလေ မင်းတို့ ဝင်မယ့်အသင်းသာရွေးလိုက် ငါလဲ ဒီနှစ် ရေကူးအသင်းပဲဝင်ချင်တာ"
ပွဲမစသေးတာမို့ ကျောင်းရှေ့ကလှေကားအတက်အဆင်းမှာထိုင်ကာ မုန့်စားရင်းစကားပြောနေကြတာဖြစ်၏ ထိုစဉ် မသိစိတ်ကလိုက်ရှာနေတဲ့သူကိုရုတ်တရက်တွေ့လိုက်ရ၏
လှုပ်ရှားသွားလာနေတဲ့လူတွေရဲ့အဝေး ဒေါင့်တစ်နေရာမှာ ထိုင်နေတဲ့ ဘေးနားကတစ်ယောက်ဆီသို့ မသိမသာကြည့်မိတော့ သူ့ကိုပြန်၍စိုက်ကြည့်နေတဲ့ စူးရှတဲ့အကြည့်တွေကြောင့်ဆော့ဂျင် ရင်ခုန်နှုန်းတွေ အဆမတန်မြန်လာခဲ့ရသည်
ရင်ခုန်ဖူးသည် သို့သော် အချစ်ကိုအခုမှခံစားဖူးခဲ့တာ !!
မနေ့ကတည်းကသူပြန်မလာတာကြောင့်စကားမပြောဖြစ်ကြသလို ဒီနေ့လဲ ကျောင်းမတက်ခင်ထဲက အစည်းအဝေးပွဲအတွက် မိန်းထဲသို့ရောက်နေတာမလို့ Banana milkဗူးလေးသာသူ့ခုံအောက်ထည့်ပေးထားခဲ့တာဖြစ်သည်
အေးဆေးနေတတ်ပြီး လူတကာနဲ့အရောမဝင်တတ်တဲ့သူ့ရဲ့ပုံစံကဆော့ဂျင်ကိုတစ်မျိုးလေးဆွဲဆောင်နိုင်လွန်း၏ သူ့ကိုတွေ့တိုင်းစကားမပြောပဲမနေနိုင်သည်ကလဲ ဆော့ဂျင်ရဲ့အားနည်းချက်လိုဖြစ်လာ၏
"ဘယ်သွားမလို့လဲ"
"ခဏလေး"
ရုတ်တရက် ထွက်သွားဖို့ပြင်နေတဲ့ဆော့ဂျင်ကို ဟိုဆော့လှမ်းမေးလိုက်ခြင်းဖြစ်၏ ဆော့ဂျင်ရဲ့အမူအရာတွေကဒီရက်ပိုင်း ထူးဆန်းနေတာကို သူတို့လဲသတိပြုမိသည်
ချိုသာတဲ့စကားလုံးတွေမဟုတ်ပေမယ့် သူ့ရဲ့စကားလုံးတွေက နွေးထွေးသလိုခံစားရတာမို့ဆော့ဂျင် နှစ်သက်မိသည်