Zawgyi.......
"ဆော့ဂျင် မင်းနဲ့ဂျောင်ဂုနဲ့ ချစ်သူဖြစ်နေကြပြီမဟုတ်လား"
"ဟင့်အင်း"
"ဒါဆိုဘာလို့မင်းတို့လက်တွေကိုင်နေကြတာလဲ"
"မဟုတ်တာ"
အခန်းထဲရောက်တာနဲ့ ဂျီမင်းကကျွန်တော့်ကို တည့်တည့်ကြည့်ရင်း မေးလာ၏ ဘယ်လိုပြောပြရမလဲ ကျွန်တော်နဲ့သူ့ရဲ့ပက်သက်မှုကို ဘယ်လိုဂုဏ်ယူဝံ့ကြွားစွာပြောရမလဲ
တကယ်တော့ ကျွန်တော်က မောင်နဲ့ပက်သက်ရင် သိပ်ကိုရူးပါ၏ မောင့်ကိုအပြစ်တင်စကားမဆိုကြဖို့ကျွန်တော် အဆုံးအစွန်ထိကာကွယ်ပေးချင်ပါရဲ့
အခုတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့အနေအထားကို ဂျီမင်းကအကုန်သိနေတဲ့ပုံစံမျိုးနဲ့တက်အပ်ဆိုလာပြန်တော့ ခက်ခဲ၏
ထပ်လဲမညာချင် အရာရာကကောင်းဖို့ဖြစ်လာတာဆိုတော့လဲ ကျွန်တော့်ဘေးမှာအမြဲရှိနေမယ့် သူတို့သိထားတာ အကောင်းဆုံးဖြစ်မှာပါလေ စေ့စပ်ထားတဲ့မောင့်ကို ချစ်ခွင့်ပန်မိတာနဲ့တင် ကျွန်တော် အများကြီးတကိုယ်ကောင်းဆန်ခဲ့ပြီးပြီ
"ဘယ်အချိန်ထိငါတို့နှစ်ယောက်ကိုဖုံးကွယ်ထားမှာလဲ ကင်မ်ဆော့ဂျင် မင်းအဲ့လိုပုံစံနဲ့ဆိုရင်တော့ သောက်သည်းကွဲမှ ငါ့တို့ရှေ့လာမငိုနဲ့ "
"ဂျီမင်း ဘယ်လိုတွေပြောနေတာလဲ ဆော့ဂျင်ရဲ့စိတ်ကိုလဲနားလည်ပေးဦးမှပေါ့ မင်းတောင်သူ့လိုချစ်တတ်လို့လား"
ပတ်ဂျီမင်းကတကယ်ပဲကျွန်တော့်ကိုစိတ်ဆိုးနေတဲ့ပုံပါပဲ ဖြစ်သင့်ပါတယ် ကျွန်တော်မှားခဲ့တာပဲလေ
"ဘာမှချစ်တတ်စရာမလိုဘူး ဟိုဆော့ မင်းတစ်ယောက်ခံစားရတာနဲ့တင်မလုံလောက်သေးလို့ဆော့ဂျင်ကိုပါအဖော်ခေါ်နေတာလား မင်းတို့ငါ့နေရာကိုရော တစ်ချက်လောက်ဝင်ကြည့်ပေးကြပါဦးလား"
"..."
"..."
"မနှစ်ကတစ်နှစ်လုံး မင်းကြောင့်ငါဘယ်လိုတွေစိတ်မကောင်းဖြစ်ခဲ့ရလဲ ဆော့ဂျင်ရော ဘယ်လိုအနေအထိုင်ကြပ်တည်းခဲ့ရလဲ အခုမင်းအပြင် ဒီကောင်ကပါ သောက်ရူးထလာပြန်ပြီ
ကိုယ့်ခြေဖဝါးအောက်ခစားမယ့်သူတွေကျတော့ သောက်ဖက်မလုပ်ပဲ ကိုယ့်ကိုခြေဖဝါးအောက်ထားပြီး မော်ဖူးစေမယ့်ကောင်မျိုးတွေကို မင်းတို့ဖြစ်နေကြတာ တော်ရုံပဲကောင်းတယ်"