ပြစ်မှုတိုင်းကို တရားမျှတစွာ စီရင်ပေးတဲ့ နေရာဖြစ်သည့် တရားရုံး၌ လူတွေက ဝင်သည်၊ထွက်သည်နဲ့မို့ မျက်စိရှုပ်စရာပင်ကောင်းလွန်းသည်။ထိုတရားရုံးမြေ၌သာ ရှုပ်နေသော်လည်း အမှုတစ်ခုကို အမိန့်ချမှတ်မည့် ခမ်းနားလွန်းတဲ့အခန်းကြီးတစ်ခုမှာတော့ တိတ်ဆိတ်လို့နေသည်။တရားခုံ၌ ပြစ်မှုတစ်ခုကိုကျူးလွန်ထားသည့် အမျိုးသမီးမျက်နှာသည်ကြောက်ရွံ့ခြင်းမရှိသလို မည်သူ့ကိုမှလည်း ဂရုစိုက်သည့်ပုံမပေါ်။တရားခုံနောက်မှာ မျက်ရည်အရွှဲသားဖြစ်နေတဲ့ အမျိုးသမီးငယ်ကတော့ အမိန့်ချတော့မည်ကို စိုးထိတ်နေသည့်ဟန်။
"အမိန့်"
စူးရှပြီးချိုသာတဲ့အသံနဲ့ ထွက်ဆိုလိုက်တဲ့အမျိုးသမီးမျက်နှာက ပြုံးရယ်ခြင်းအလျဉ်းမရှိပဲ တည်ငြိမ်စွာပင်။စူးရှပြတ်သားသည့် အသံတင်မဟုတ်ပဲ ခန္ဓာကိုယ်ပါဆွဲဆောင်မှုရှိလွန်းသည်။ေး
ကျောရိုးအလယ်က ဆံနွယ်ကောက်လှိုင်းလေးတွေက ထိုအမျိုးသမီးရဲ့ အလှကို ပိုပေါ်လွင်စေသည်။အသားဖြူပြီးနှာတံစင်းနေတာလေးကလည်း တစ်မျိုးလေးလှပြန်သည်။ဝါသနာပါသည့်အလုပ်အရ ပြစ်မှုတိုင်းကို အမိန့်ချ စီရင်ရတဲ့ ရှားရှားပါးပါး တရားသူကြီးအမျိုးသမီးတစ်ယောက်ပင်။ထိုအမျိုးသမီးကပဲ ဒီပြစ်မှုကို တရားမျှတစွာအမိန့်ချစီရင်တော့မည်။"အဖ ဦးမင်းခိုင်၏ သမီး ဒေါ်မာလာခိုင်သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၀၂အရ လူသတ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ် ကျခံရန် ရုံးတော်မှ စီရင် အမိန့်ချမှတ်လိုက်သည်"
ခပ်ပြတ်ပြတ် အမိန့်ချသံအဆုံး ငိုနေတဲ့ အမျိုးသမီးငယ်လေးတစ်ဦးဟာ ထိုအခန်းထဲ၌ ပူဆွေးသောကရောက်နေတဲ့သူဆိုရင်လည်း မှားမည်မဟုတ်။အပြစ်သားဖြစ်သည့် အမျိုးသမီးကတော့ ငိုယိုခြင်းမရှိပဲ မာနကိုထိန်းထားလျက်ပင်။မိခင်၏ပြစ်ဒဏ်ခံရမှုကြောင့် ယူကျုံးမရဖြစ်နေတဲ့ အမျိုးသမီးငယ်လေးရင်ထဲ ပလောင်ဆူနေလေပြီ။အမိန့်ချခံရတဲ့ မိခင်ကို ထာဝရထွက်သွားခြင်းမျိုး မဟုတ်ပဲ နှစ်ကာလ တစ်ခုထိခွဲခွာလိုက်ရလို့ သူမ ကမ္ဘာပျက်ဆီးသွားလေသည်။ တရားစီရင်ခုံမှထွက်လာတဲ့ မိခင်ဆီကို သွားလိုက်ကာ တင်းကြပ်စွာ ဖက်တွယ်လိုက်လေသည်။ဒါဖက်တွယ်ခြင်းသည် အချိန်ကာလတစ်ခုပူအတွက် အနူးညံ့ဆုံးသော နှုတ်ဆက်နည်းပင်။မကြာခင်မှာ ခွဲခွာရတော့မည့် လူတစ်ယောက်ဟာ မည်သို့ပုံစံနဲ့ နှုတ်ဆက်မည်ဆိုတာကိုတော့ ထိုမိန်းမငယ်လေးမသိသေးပေ။
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"