ကံကောင်းခြင်းဆုလာဘ်လေးသည် ချစ်တတ်လွန်းသည့် အမျိုးသမီးနှစ်ဦးဆီသို့ တည့်တည့်မတ်မတ် ယူဆောင်လာခဲ့လေသည်။ထိုအမျိုးသမီးနှစ်ဦး မက်မောခဲ့သည့် ထိုဆုလာဘ်။တောင်းတခဲ့သည့်ထိုဆုလာဘ်။လှပစွာတည်ရှိခဲ့သည့်မင်္ဂလာနှစ်ပတ်လည်အပြီး သိပ်မကြာခင်အချိန်မှာပဲ ကလေးယူဖို့ စီစဉ်ခဲ့ကြလေသည်။ထိုအရာလေးဟာ သူမတို့ ဖြစ်ချင်ခဲ့သော အိမ်မက်လေး။ကံကောင်းထောက်မစွာဖြင့် သူမတို့အတွက် ဆုလာဘ်ကလေးဟာ အောင်မြင်စွာပင် ဖြစ်တည်လာခဲ့လေသည်။
ဆန်းသစ်တဲ့နည်းပညာတွေရဲ့ကျေးဇူး၊အမည်မသိတဲ့ အလှူရှင်တစ်ဦးရဲ့ကျေးဇူး၊နားလည်တဲ့ လူတွေရဲ့ ကျေးဇူးကြောင့် ထိုကံကောင်းခြင်းဆုလာဘ်လေးဟာ သူမတို့နှစ်ဦးဆီကို လှပစွာရောက်လာခဲ့လေသည်။ယခုအချိန်၌ ထိုဆုလာဘ်ကလေးသည် မြတ်အသွေးအသားထဲ၌ တည်ရှိနေလေပြီ။အသက်လေးဆယ်ကျော်မိန်းမတစ်ယောက်အတွက် ထိုဖြစ်တည်မှုတည်ရှိဖို့ မလွယ်ကူသော်လည်း လိုချင်တပ်မက်ခဲ့တဲ့ အရာလေးမို့ ပင်ပန်းသည်လို့လည်း မထင်။အမြဲဂရုစိုက်လွန်းတဲ့ ချစ်ရသူကြောင့် ပီတိပင်ဖြစ်ရလေသည်။မြတ်အပေါ် ပန်းချီ့ ရဲ့ ဂရုစိုက်မှုတွေသည် အရင်ထက် အဆပေါင်းများစွာပင် ပိုလာခဲ့သည်။အသေးစိတ်ကအစ ဂရုစိုက်တတ်လွန်းသူကြောင့် မြတ်ပင်အနေခက်ရသည်အထိပင်။
"အန်တီ"
မှန်တင်ခုံရှေ့၌ အဝါရောင်ပါတိတ်ဝမ်းဆက်နဲ့ မြတ်သည် ယနေ့မှ ပိုလှပလို့နေသည်။ကိုယ်အတိမြန်မာဝတ်စုံက ခန္ဓာကိုယ်အလှကို ထင်ပေါ်စေသည်။မှန်ထဲတွင်ပေါ်နေသည့် ပန်းချီ့ ကို ကြည့်မိတော့ မျက်နှာသည် တစ်ခုခုကို အလိုမကျနေသည့်ပုံ။ပန်းချီ ခေါ်သည်ကို ပြန်ထူးလိုက်သည့် မြတ်အသံသည် ချိုသာသည်ထက် ပိုလို့နေသည်။ပန်းချီ နားထောင်လို့မဝတဲ့ ဆည်းလည်းသံလေးဆိုလည်းမမှားပေ။
"ရှင့်"
"အကျီင်္က ကြပ်မနေဘူးလား"
"မကြပ်ပါဘူးမောင်ရဲ့။ဘာလို့လဲ"
"ကိုယ့်ကိုယ်ကိုယ်လူလွတ်လို့ ထင်နေတာလား"
"ဘယ်က လူလွတ်ရမှာလဲ။အန်တီ့မှာ မောင်ရှိတယ်လေ"
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"