အချစ်တွေစစ်မှန်ခဲ့သော်လည်း ချစ်ရသည့် ချစ်ရသူဆီကတော့ လိုချင်တဲ့ အချစ်တစ်ခုကို ပန်းချီမရခဲ့ပေ။ကိုယ်မက်မက်မောမောလိုချင်တဲ့ အချစ်တွေကို တစ်ခြားအမျိုးသားတစ်ယောက်က ရတော့မည်လား။လက်တွေ့မဆန်သေးသည့် အတွေးတွေကပင် နှလုံးသားတစ်ခုလုံးကိုနာကျင်စေသည်။တစ်ခြားသူရမယ်ဆိုရင်တောင် ကျေနပ်နိုင်သေးသည်။ဒီလူ့ကိုတော့ မြတ်အချစ်တွေကို လုံးဝမရစေချင်ပါ။သို့ပေမဲ့ မြတ်ရဲ့နှလုံးသားကို ပန်းချီမပိုင်နိုင်တာ ခက်နေလေသည်။
"ပန်းချီရယ် တော်ပါတော့ဟာ"
အသိစိတ်ကင်းမဲ့နေသည်အထိ မူးနေသည့် ပန်းချီ့ ကို သွယ်နဲ့သီရိ တားသော်လည်းမရပေ။ပန်းချီသည် မြတ်နဲ့ပတ်သက်ရင် အရူးတစ်ယောက်လိုပင်။ဘာကိုမှစဉ်းစားဆင်ခြင်ညဏ်မရှိတဲ့ အရူးတစ်ယောက်ထက်ပင် ပိုရူးမိုက်လေသည်။
"ငါမူးချင်တယ် အရာအားလုံးကို မေ့ချင်တယ်။
ဒါပေမဲ့ ငါမေ့ချင်တဲ့အရာတွေထဲမှာ အန်တီတော့ မပါဘူး။ဟား ဟား"မူးလာရင် စကားကိုပင် ကောင်းကောင်းမပြောနိုင်တာ ပန်းချီရဲ့ အကျင့်တစ်ခုပင်။မေ့ရင်တောင် မြတ်တော့မပါဘူးတဲ့လား။အသိစိတ်က လွတ်နေတာတောင် နှလုံးသားက သတိရသေးသည်။ဒါဟာလေးနက်တဲ့ အချစ်တစ်ခုကို ဖော်ပြလေသည်။
"နင် အခုလည်းမူးနေတာပဲ။နင် အခုလိုတွေလုပ်နေလို့ရော နင်နဲ့ အန်တီမြတ်ကိစ္စကပြီးသွားမှာလား"
"ပြီးဆုံးတော့မှာ နောက်သုံးရက်နေရင် သူက ငါမုန်းတဲ့ ဟိုလူ့ကို အဖြေပေးတော့မှာ"
မူးနေသော်လည်း ထိုစကားလုံးတွေသည် ပန်းချီရင်ထဲမှ လာသည့် စကားလုံးစစ်စစ်တွေပင်။မြတ်ဆုံးဖြတ်ပေးမယ့် အချိန်ဟာ သုံးရက်။အသေအချာပြောရရင် နာရီပေါင်း ခုနစ်ဆယ့်နှစ်နာရီ။
"အဖြေမှမပေးသေးတာ။ဘာမှမဖြစ်နဲ့ နင့်အတွက် နိုင်တစ်ဝက် ရှုံးတစ်ဝက်ပဲ"
သွယ်ပြောတာ အလုံးစုံမှန်သည်။မြတ်သညမ မင်းသုတကို အဖြေမှမပေးရသေးဘူးမဟုတ်ပါလား။ပန်းချီ အခုလောက်ထိဖြစ်စရာမလိုသေးသော်လည်း စိတ်တွေက မထိန်းနိုင်ပဲလွတ်နေလေပြီ။မြတ်အဖြေသည် ကိုယ့်အပေါ်သက်ရောက်နိုင်သလို မင်းသုတအပေါ်လည်း သက်ရောက်နိုင်သည်ဆိုတာ ပန်းချီ မေ့နေသလား။
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"