တစ်ကြိမ်တစ်ခါမှ အိမ်ပြန်ချိန်နောက်မကျဖူးသည့် မြတ်သည် ယနေ့၌တော့ အိမ်ကိုပင်မရောက်သေးပေ။အိမ်ပြန်ချိန်နောက်ကျခြင်းမရှိသည့်သူမလာသေးတာကြောင့် အတွေးလွန်ကြကာ စိတ်ပူနေကြရသည်၊၊ဘယ်တုန်းကမှအိမ်ပြန်နောက်မကျဖူးတဲ့ မြတ်သည် ညရှစ်နာရီကျော်တာကိုပင် အိမ်ကိုမရောက်သေးပေ၊၊ မြတ်ပြန်မလာသေးတာကြောင့် ပန်းချီသည်လည်း
စန္ဒာနည်းတူပင် စိတ်ပူနေသည်၊၊အချိန်တွေသာတရွေ့ရွေ့နဲ့ ကုန်သွားပေမယ့် မြတ်သည် ခြံထဲမှာစိတ်ပူစွာစောင့်နေသည့် သူတွေဆီကိုတော့ ရောက်မလာသေးပေ၊၊စိတ်ပူလွန်း၍ စန္ဒာဖုန်းဆက်ပြန်တော့လည်း ဖုန်းကစက်ပိတ်ထားသည်၊၊ မြတ်တစ်ခုခုဖြစ်နေမလားဆိုတဲ့ အတွေးတွေက ပန်းချီ့ကို လှပစွာ နှိပ်စက်နေလေသည်။
"အစ်မ သူက အဲ့လိုနောက်ကျဖူးလား"
"နောက်မကျဖူးပါဘူး ညီမလေးရယ်။ ခြောက်နာရီဆိုတာ အလွန်ဆုံးပဲ။
မမဘာတွေများဖြစ်နေလဲ မသိဘူး။ဖုန်းကလည်းစက်ပိတ်ထားတယ်""ဘာမှမဖြစ်လောက်ပါဘူး။ညီမလိုက်ရှာလိုက်မယ်"
"ဖြစ်ပါ့မလား အဖေ့ကိုရှာခိုင်းလိုက်မယ်လေ"
"ဦးလေးက လူကြီးဆိုတော့ ညဘက်ကားမောင်းရင် အန္တရယ်များတယ် ညီမရှာလိုက်မယ်"
"ညီမလေးသဘောပဲလေ။ခဏ အစ်မကားသော့သွားယူပေးမယ်"
မြတ်တို့အိမ်တွင်ကားနှစ်စီးရှိပြီး တစ်စီးဟာ မြတ်တစ်ယောက်တည်းစီးပေမယ့် ကျန်တစ်စီးကတော့ လိုအပ်သလို အသုံးပြုသည်၊၊စန္ဒာသည် အိမ်ထဲက ကားသော့ကို အမြန်ပင်သွားယူပြီး ပန်းချီ့ ကိုပေးသည်မို့ ထိုကားလေးဟာ ပန်းချီ့မောင်းနှင်မှုကြောင့် ရွေ့လျားကာ ထိုနေရာမှ ဝေးကွာသွားလေသည်။၊
ညဘက်ဖြစ်သည်မို့ ကားမီးတွေသည် မျက်လုံးတွေကိုပင် စူးကာ မောင်းရတာ အဆင်မပြေလှပေ။ပထမဦးစွာ ဦးတည်မိသည်က မြတ်၏အလုပ်ဆီကိုသာ၊၊ြး
မြတ်အလုပ်မပြီးသေးတာလည်းဖြစ်နိုင်သလို၊ကားပျက်တာလည်းဖြစ်နေနိုင်သည်ဆိုသည့် အတွေးသည် စိတ်ပူစိတ်ကို လျှော့ကျစေသော်လည်း အဆုံးထိအတွေးလွန်နေမိသည့် ပန်းချီ့အတွက်တော့ စိတ်ပူရင်းသာ။
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"