အမှတ်မထင် ပြဿနာဖြစ်သွားတော့ ဘုရားသွားမည့်အစီအစဉ်သည်ချက်ချင်းပင်ပျက်သွားလေသည်။ကုသိုလ်ကောင်းမှုလုပ်ချင်လို့ ဘုရားသွားသော်လည်း ကုသိုလ်မရခဲ့ဘဲ ပြဿနာသာ ဖြစ်ခဲ့လေသည်။အမြဲ ပြဿနာရှာတတ်သည့်မိန်းကလေးဖြစ်သော်လည်း အခုလိုကားနဲ့ဝင်တိုက်မိတာကြောင့် စိတ်ပျက်သည်ဆိုတာထက် စိတ်မကောင်းဖြစ်မိသည်က ပိုသာသည်။ဆေးခန်းလိုက်ပို့မယ်ဆိုတာတောင် လက်မခံတဲ့ ကလေးမလေးက မြတ်အပေါ်မှာအငြိုးတွေဘယ်လောက်တောင်ရှိနေလိုက်သလဲ။ဘုရားမသွားဖြစ်တော့သည့်အဆုံး အိမ်ကိုသာ ခြေဦးပြန်လှည့်ပြန်မိလေသည်။
"မမ"
ခြံထဲမှာ တံမြက်စည်းနေတဲ့ စန္ဒာခြေလှမ်းတွေသည် ရပ်တန့်သွားတဲ့မြတ်၏ကားဆီကိုသာ။
"အင်း"
"ဘုရားသွားမလို့ဆို အခုအစောကြီးပြန်ရောက်နေတာ"
"ဟုတ်တယ် အစ်မဘုရားသွားတာပဲ။ဒါပေမယ့် လမ်းမှာ ကောင်မလေးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့"
မြတ်ကိုခေါင်းအစခြေအဆုံးကြည့်နေသည့်
စန္ဒာကအတော်စိတ်ပူနေသည့်ပုံ။အချိန်အကြာကြီးနေလာသူမို့ သံယောဇဉ်ကြိုးကလေးရစ်နေမိလေသည်။"မမ ဘာဖြစ်သွားသေးလဲ"
"စန္ဒာရယ် အစ်မက တိုက်မိသွားတာလေ ဘာဖြစ်ရမှာလဲ"
စိတ်အပူလွန်နေတဲ့ စန္ဒာ့မေးခွန်းတွေကို အပြုံးနဲ့သာ ဖြေနေသည့် မြတ်ပုံစံလေးက ကလေးတစ်ယောက်လို အူယားစရာကောင်းလွန်းသည်။
"စန္ဒာကစိတ်ပူလို့ပါမမရယ်။ ပြဿနာတွေရောဖြစ်သေးလား"
"နည်းနည်းပေါ့ အားလုံးဖြေရှင်းခဲ့တယ်"
"တော်သေးတာပေါ့မမရယ်"
"ဘာချက်ထားလဲ"
"အခုတော့ကြက်သားဆီပြန်ချက်ထားတယ်။ငါးဖယ်သုပ်ရယ်၊သီးစုံပဲကုလားဟင်းရယ်၊အရွက်ကြော်ရယ်ချက်ရဦးမှာ။ ဘာဖြစ်လို့လဲမမ စန္ဒာက မမထမင်းစားရင် ပူပူနွေးနွေးလေးစားလို့ရအောင် ကျန်တာမချက်သေးပဲ သန့်ရှင်းရေးလုပ်နေတာ"
ESTÁS LEYENDO
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Ficción General"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"