ဝါလဲ့လဲ့မီးဆိုင်းတွေ၊ဖြူလွလွမီးလုံးတွေသည် ခန်းမထဲ၌လုံလောက်စွာပင် လင်းလက်လို့နေသည်။ပန်းမျိုးစုံသည်လည်းရနံ့ပေါင်းစုံနဲ့ ထိုခန်းမထဲ၌အစီအရီနေရာယူလျက်ရှိသည်။ခန့်ညားတည်ကြည်တဲ့ အမျိုးသားတွေသာမက အလှကိုယ်စီနဲ့ အမျိုးသမီးတွေပါ ထိုခန်းမထဲ ၌ပြည့်နှက်လို့နေသည်။မင်္ဂလာသီချင်းသံသည်လည်း ဝေဝေဆာဆာ ပျံ့ နှံ့လို့နေသည်။
အလှကိုယ်စီရှိကြတဲ့ အမျိုးသမီးများထဲမှာတော့ မြတ်ရဲ့အလှတရားဟာပို၍ပင်ထင်ရှားနေသည်။
ရွှေဝါရောင်သတို့သမီးဝတ်စုံကိုဝတ်ဆင်ထားတဲ့နေခြည့်ထက် လှတယ်လို့ပြောရင် နေခြည်စိတ်များဆိုးမလား။ခရမ်းနုရောင် ချိတ်ဝမ်းဆက်ကို ဆင်မြန်ထားပြီး ဆံပင်ကို ထုံးနေကျအတိုင်းကိုမှ ဆံညှပ်အလှလေးတွေနဲ့ ပုံဖော်လို့ထားသည်။ထိုအလှတရားတွေမှာ အပြီးတိုင် ကျရှုံးခဲ့သူမှာတော့ ပန်းချီပင်။မြတ်ရဲ့အလှတရားတွေကို တစိမ့်စိမ့်ငေးကြည့်နေသူမှာလည်း တိမ်ပန်းချီမောင်ဆိုတဲ့ အမျိုးသမီးငယ်လေးပင်။"အန်တီ ဒီနေ့သိပ်လှတာပဲ"
သီချင်းသံ၊လူတွေသံကြောင့် ပန်းချီ့ အသံသည် မြတ်
ကြားရုံမျှသာ။"ဘာပြောတာ"
"အန်တီ ဒီနေ့သိပ်လှတယ်လို့"
မျက်လုံးတွေကိုသေချာကြည့်ပြီးပြောလာသည့် ပန်းချီကိုကြည့်ပြီး မြတ်ပြုံးမိသည်။ဘာကြောင့်ပြုံးလဲဆိုတာကိုတော့ ပန်းချီမသိပေ။
"ဘာလို့ပြုံးတာလဲ"
"အင်း ဒီနေ့ တို့မျက်လုံးထဲမှာ မောင်ကချစ်စရာကောင်းနေတာ။ဘယ်လိုလေးမှန်းကို မသိဘူး"
ပါးချိုင့်လေးပေါ်သည်အထိ ပြုံးကာပြောနေသည့် မြတ်ကိုကြည့်ပြီး ပန်းချီအသဲယားလို့နေသည်။တကယ့်ကို နတ်မိမယ်လေး။
"အန်တီကသာ ချစ်ဖို့ကောင်းတာ။မောင့်မျက်လုံးထဲမှာတော့ ဟောဒီက ဒေါ်မြတ်သဒ္ဒါသွေးကသာ အလှဆုံး"
"ဟုတ်ပါပြီရှင် တကယ့်စကားအတတ်လေး"
သတို့သားနဲ့သတို့သမီးလိုက်လံဧည့်ခံရာ မြတ်တို့စားပွဲဝိုင်းဆီသို့ရောက်လာခဲ့သည်။မြတ်ကတော့ နေခြည့်အတွက် ဝမ်းသာနေရှာသည်။ချစ်တဲ့သူနဲ့ တစ်သက်တာလုံးလက်တွဲခွင့်ရတာဟာ ကံကောင်းခြင်းတစ်ခုပါပဲလေ။
![](https://img.wattpad.com/cover/322303856-288-k830141.jpg)
ESTÁS LEYENDO
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Ficción General"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"