တစ်ညတာလုံးမူးပြီးအိပ်ပျော်နေခဲ့သော်လည်း မနက်ခင်းနှိုးသည့်အခါမှာတော့ လန်းလန်းဆန်းဆန်းပင်၊၊မျက်လုံးပွင့်ပွင့်ချင်း အခန်းထဲကို ဝေ့ဝဲကြည့်မိတော့စိမ်းသက်သက်ပင်။ ကုတင်ပေါ်မှချက်ချင်းထပြီး ရေချိုးခန်းဟု ထင်ရသော အခန်းငယ်လေးထဲသို့ ဝင်သွားလိုက်ပြီး အရန်သင့်ရှိနေသောသွားတိုက်တံ၊သွားတိုက်ဆေးနဲ့သွားတိုက်ပြီး မျက်နှာသစ်ကာ အခန်းထဲကထွက်မှ ဒီနေရာကို ပန်းချီရောက်ဖူးသည်ဆိုတာ သိတော့သည်၊၊ညကအကြောင်းအရာတွေကို သေချာပြန်စဉ်းစားကြည့်တော့ တော်တော်များများမှတ်မိလာတာကြောင့် မြတ်နဲ့တွေ့ရမှာပင် ရှက်ရွံ့မိသည်၊၊စိတ်ထဲရှိတာတွေပြော၊စိတ်ထင်ရာတွေလုပ်မိခဲ့တာမို့ ရင်ဆိုင်ဖို့ပင်မဝံ့မရဲဖြစ်ကာမျက်နှာပူမိသည်။
အောက်ထပ်မဆင်းသေးဘဲ မြတ်ရဲ့အငွေ့အသက်တွေရှိတဲ့ အခန်းငယ်လေးရှေ့မှာ မတ်တပ်ရပ်နေမိလေသည်။"နိုးပြီလား"
အခန်းထဲမှထွက်လာသည့် မြတ်ကြောင့် ပန်းချီအံ့သြသွားရသည်။မီးခိုးရောင်ချိတ်ဝမ်းဆက်လေးနဲ့ လိုက်ဖက်နေသည့်သူမကိုကြည့်မိတော့ နှလုံးခုန်နှုန်းက အလိုက်သိစွာမြန်လာလေသည်။
ဖြူစွတ်နေတဲ့အသားအရေသည် ဒီအရောင်လေးနဲ့မှ ပိုပေါ်လွင်နေသည်။ဆံနွယ်ကောက်လှိုင်းတွေကတော့ ခပ်ဖွဖွသာထုံးဖွဲ့ထားသည်မို့ ရိုးယဉ်ကာ နန်းဆန်နေသည်။ဒီအလှတရားတွေကမှ တကယ့်အလှတရားစစ်စစ်။
မြတ်ကိုငေးပြီး မေးတာကိုပြန်ဖြေရမှာကိုပင် ပန်းချီမေ့နေလေသည်။"ဟုတ်"
"မနက်စာစားသွားလိုက်လေ"
"ရပါတယ်။ညကလည်း ဒုက္ခတွေပေးထားတာကို"
"နောက်တော့ ဒုက္ခတွေမပေးနဲ့တော့။တို့မယူချင်တော့ဘူး မနက်စာတော့စားသွားလိုက်"
"ဟုတ်"
မြတ်ပြောသမျှကို ပန်းချီ ဘယ်အင်အားနဲ့ငြင်းနိုင်ပါ့မလဲ။ပန်းချီသည် မြတ် စေခိုင်းရာကမယ့် သူတစ်ယောက်ဖြစ်နေခဲ့ပြီမဟုတ်ပါလား။ထမင်းစားခန်းထဲရောက်တော့ မနက်စာက အရန်သင့်ပြင်ပြီးသားပင်။မြတ်သည် သွာစရာရှိနေသည်မို့ မနက်စာကိုခပ်မြန်မြန်စားနေသည်။ပန်းချီမေးချင်ပေမယ့် မမေးရဲပေ။မမေးရဲတာထက် မေးပိုင်ခွင့်မှမရှိပဲ။
BẠN ĐANG ĐỌC
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Tiểu Thuyết Chung"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"