Episode.27(Zawgyi)

913 30 0
                                    

      ကောင်းကင်ပြာပြာပေါ်မှ တိမ်စိုင်ဖြူဖြူတွေသည် ယနေ့မှပိုလှပနေသယောင်။ခရမ်းနုရောင်တွေနဲ့ပြည့်နှက်နေတဲ့ အခန်းငယ်ကလည်း ယနေ့မှပိုတောက်ပနေသယောင်။ထိုအရာတွေထက် ပိုမို လှပနေသူမှာတော့ ပန်းချီ့ ရဲ့မူပိုင်ရှင်မြတ်ပင်။ခရမ်းနုရောင်ချိတ်ဝမ်းဆက်က သူမရဲ့အလှကိုပိုပေါ်လွင်စေသည်။ထုံးဖွဲ့ထားတဲ့ ဆံထုံးခပ်ဖွဖွလေးမှာ အလှကလစ်တွေက စီခြယ်လို့နေသည်။

သေးသေးသွယ်သွယ်လက်ချောင်းတွေကလည်း ခရမ်းနုရောင်လက်သည်းဆိုးဆေးနဲ့ လိုက်ဖက်လို့နေသည်။
ဒီမနက်ခင်းဟာ လှပသည့်မနက်ခင်းတစ်ခုသာ။အချစ်တွေကို ပို၍ခိုင်မာအောင် ချည်နှောင်မဲ့ လက်ထပ်ပွဲလေးတစ်ခု။သူမတို့နှစ်ဦးရဲ့အချစ်တွေကို သစ္စာပြုမဲ့ ထိုမင်္ဂလာပွဲလေးဟာ လှလှပပပင် ဖြစ်တည်လာတော့မည်။လှပတဲ့ ထိုအမျိုးသမီးရဲ့ လက်ကို ဆွဲခွင့်ရတဲ့ ပန်းချီမျက်နှာပေါ်မှာ အပြုံးရိပ်တွေက ထင်ရှားစွာပင်။ပန်းချီသည်လည်း မြတ်ကဲ့သို့ပင် ခရမ်းနုရောင် မြန်မာဝမ်းဆက်ကို ဝတ်ဆင်ထားသည်။

သူမတို့နှစ်ဦးသိပ်ကို လိုက်ဖက်လွန်းနေသည်။မှန်တင်ခုံရှေ့မှာ ပြီးပြည့်စုံစွာ လှနေတဲ့ မြတ်ကိုကြည့်ပြီး ပန်းချီပီတိဖြစ်မိသည်။တကယ်ပဲ ဒီအမျိုးသမီးကို လက်ထပ်ခွင့်ရတော့မည်တဲ့လား။ဒီလိုဖြစ်လာလိမ့်မည်လို့ ပန်းချီတစ်ခါမှမတွေးဖူးတာ အမှန်ပင်။
နောက်ဆုံးတော့လေးနက်တဲ့အချစ်တွေကပဲ အနိုင်ယူခဲ့ပြီ။
မြတ်ကိုကြည့်ရင်းနဲ့ပင် ပန်းချီမျက်ဝန်းတွေ၌ မျက်ရည်စက်လေးတွေက စိုစွတ်စပြုလာသည်။ထိုအရာကို သတိထားမိသူမှာ ပန်းချီ့ ရဲ့ ချစ်ရသူ မြတ်ပင်။

"မောင် ဘာဖြစ်လို့လဲ"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး။မောင်ပျော်လွန်းလို့ပါ"

"ကြည့် ကလေးလေးကျနေတာပဲ"

       မျက်ရည်တွေဝဲနေတဲ့ ပန်းချီ့ မျက်နှာလေးကိုထိကာ ဆိုလာသည့်မြတ်ရဲ့အထိအတွေ့က သိပ်ကိုနူးညံ့လွန်းသည်။

"ကလေးမဟုတ်ပါဘူးနော်"

"ဟုတ်ပါပြီရှင်"

"ပန်းချီ အဆင်သင့်ဖြစ်ရင် သွားစို့လေ။အောက်မှာ လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ"

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now