ကောင်းကင်ယံတွင် လမင်းကြီးနဲ့ ကြယ်အစုံမှာလင်းလက်တောက်ပပြီး ပြည့်စုံလို့နေသည်၊၊သို့သော် ပန်းချီရဲ့ အခန်းငယ်လေးထဲမှာတော့ တစ်စုံတစ်ယောက်မရှိလို့ ပြည့်စုံမနေပေ၊၊
နှလုံးသား၏သက်ဆိုင်သူပြန်သွားပြီးကတည်းက ပန်းချီသည် အခန်းထဲမှာသာ နေပြီး လွမ်းဆွတ်နေလေသည်။အခုချိန်မှာသာ မြတ်၏အိမ်မှာဆိုရင်သူမနဲ့စကားတွေပြောပြီး ပန်းချီပျော်နေမှာအသေအချာ။ယခုတော့ အခန်းထဲမှာ တစ်ယောက်တည်းလွမ်းဆွေးတမ်းတလို့နေသည်၊၊
လွမ်းဆွတ်ခြင်း၊တမ်းတခြင်း၊သတိရခြင်းတွေဟာတစ်ပတ်ဆိုတဲ့ အချိန်မှာ ရလိုက်သည့် အမှတ်တရလှလှလေးတစ်ခုဖြစ်ခဲ့လေသည်။တစ်ဖက်က မြတ်ကရော ပန်းချီခံစားနေရသလို ဖြစ်နေပါ့မလား။ဒီနေ့ညမှာတော့ ပန်းချီသည် အိပ်စက်ခြင်းကို အနိုင်ယူနိုင်မည်မထင်ပါ။ပန်းချီ့အဖြစ်ဟာ လမိုက်ညတစ်ညမှာ လကိုရူးမိုက်စွာ ရှာဖွေနေသလိုပင်။
မြတ်ရဲ့အငွေ့အသက်တွေ၊
မြတ်ရဲ့စကားပြောသံတွေကင်းမဲ့နေတဲ့ အခန်းလေး။အပြုံးနုနုတွေရပျောက်ဆုံးနေတဲ့အခန်းလေး။ရယ်သံလွင်လွင်တွေ ပျက်ပြယ်နေတဲ့ထိုအခန်းလေးဟာ မပြည့်စုံဘဲ တစ်ခုခု လစ်ဟာနေခဲ့သည်။*
တစ်ညလုံးအိပ်မပျော်ခဲ့တဲ့ ပန်းချီသည် ဒီနေ့တော့ ကုမ္ပဏီကိုသွားရတော့မည်၊၊တစ်ပတ်လုံးလုံးမသွားခဲ့သည်အတွက် အလုပ်တွေမှာ တောင်လိုပင် ပုံလို့နေသည်၊၊အလုပ်သွားရတော့မည်ဖြစ်၍ အိပ်ရာမှထကာ ပြင်ဆင်စရာရှိရာကို ပြင်ဆင်သည်။
ရေချိုးပြီး၍ မှန်တင်ခုံရှေ့တွင် အကြာကြီးမပြင်တော့ဘဲ ခပ်မြန်မြန်ပင်ပြင်ပြီး မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်၊၊ထမင်းစားခန်းထဲရောက်တော့ ဒေါ်ဝင်းက မနက်စာပင် ပြင်ဆင်ပြီးလို့နေသည်၊၊တစ်ယောက်တည်းမနက်စာစားရကို ပန်းချီသဘောမကျတော့ပေ၊၊တစ်စုံတစ်ယောက်နဲ့အတူ စားရတဲ့မနက်စာကိုပဲ ပို၍ခုံမင်နေမိသည်။ဒီလိုဖြစ်နေတာဟာ အကြောင်းမဲ့ရူးမိုက်ခြင်းဆိုရင်တောင် တစ်ယောက်သောသူကြောင့်ဖြစ်တည်တာမို့ ပန်းချီ့နှလုံးအိမ်မှ လိုလိုလားလား သဘောကျမိသည်။
BẠN ĐANG ĐỌC
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Tiểu Thuyết Chung"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"