လေဆိပ်ကိုလိုက်ပို့ရာတွင် ကားမောင်းသူသည် တစ်ခြားသူမဟုတ်ဘဲ မြတ်ပင်။
ဘေးမှမျက်တောင်မခတ်တမ်းငေးကြည့်နေသူမှာ မောင်ဆိုသည့် အမျိုးသမီးလေးပင်။ကားနောက်ခန်းတွင် ဒေါ်မာလာခိုင်နဲ့ ဝဏ္ဏပါ ရှိနေသည်။ဘယ်သူပဲရှိရှိ ပန်းချီကတော့ မြတ်ကိုငေးကြည့်ဆဲပင်။ထိုအရာတွေကိုလည်း မြတ်သိသည်။အရင်လိုဆို မြတ်ပြောမှာသေချာပေမယ့် အခုမှာတော့ မပြောဖြစ်ပေ။ပန်းချီ့ ကို လွမ်းနေရမဲ့ မြတ်မျက်နှာကလည်း အရင်လို ပြုံးရယ်ခြင်းမရှိလေပေ။အစကသာ ဘာမှမဖြစ်ပေမဲ့ တကယ်လွှတ်ရတော့မည်ဆိုတော့ အနည်းငယ်တော့ ဝမ်းနည်းမိလေသည်။ပန်းချီရောမြတ်အတွက်ပါသုံးရက်ဆိုတဲ့ အချိန်ကိုအမြန်ပြီးဆုံးချင်မိသည်။
လေယာဉ်ကွင်းထဲကို ခြေချလိုက်သည်နဲ့ သူမတို့နှစ်ဦးလုံးရဲ့ ဝမ်းနည်းစိတ်က လှိုက်တက်လာခဲ့သည်။
မြတ်သည် ပန်းချီ့ လက်ကိုဆုပ်ကိုင်လိုက်တော့ ရင်ထဲနွေးထွေးသွားသော်လည်း အချိန်တစ်ခုမျှ လက်လွတ်ရမည်ဆိုပြန်တော့ ရင်ထဲ၌ ပူလောင်လို့လာသည်။"မောင်ကျန်းမာရေးဂရုစိုက်နော်"
"အန်တီရောပဲ။မောင်မရှိတုန်း အရင်လို ဖျားလို့မရဘူးနော်"
သူမတို့ကိုကြည့်ပြီး ဝဏ္ဏကတော့ ပြုံးလို့နေသည်။
ဒေါ်မာလာခိုင်ကတော့ သဘောမကျသည့် ပုံစံနဲ့သာ။"စိတ်ချပါ မောင်ရယ်"
"ချစ်တယ်"
ထိုသို့ပြောပြီး မြတ်ခန္ဓာကိုယ်လေးကို အတော်ကြာအောင်ဖက်ထားလေသည်။မျက်ဝန်းတွေမှ မျက်ရည်တွေကျချင်ပေမဲ့လည်း မနည်းပင်ထိန်းထားရသည်။မဟုတ်ရင် မြတ်ကပါ ငိုနေဦးမည်လေ။ဘေးမှာရှိနေသည့် သူတွေကိုပင် ဂရုမစိုက်နိုင်ကြတော့ပေ။အချစ်တွေကိုသာ ပုံဖော်နေကြလေသည်။
လေယာဉ်ထွက်ခွာမည့်အချိန်ကြော်ငြာမှသာ သူမတို့နှစ်ဦးဖယ်ခွာလိုက်လေသည်။"ဂရုစိုက်နော်"
ပန်းချီခေါင်းသာငြိမ့်ပြလိုက်လေသည်။အများအတွက်တော့ ဒါဟာ ပိုသည်ဟု ထင်ကြပေမည်။သို့ပေမဲ့ သူမတို့လို အချစ်တစ်ခုနဲ့ အခက်အခဲတွေကို ကျော်လွှားခဲ့ရတာကြောင့် ရက်အနည်းငယ်ခွဲခွာရခြင်းဟာလည်း သူမတို့အတွက်တော့ နာကျင်မှုတစ်ခုပင်။
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"