မျက်ရည်တွေနဲ့ပြန်လာခဲ့သည့်လမ်းတွေဟာ အဓိပ္ပါယ်မဲ့လို့နေသည်။ရင်ထဲကနာကျင်မှုက မျက်ရည်အဖြစ်ပြောင်းလဲသွားသည်မှာ ဘယ်လိုမှထိန်းလို့မရအောင်ပင်။ပြဿနာရဲ့ အဓိက လူက မိခင်ဖြစ်နေတာကြောင့် ပို၍ပင်နာကျင်ရသည်။ရင်ထဲကနာကျင်မှုက တဟုန်တိုးကာ တဆစ်ဆစ်ပင်။
ခြံဝင်းထဲရောက်သည်နဲ့ ဆင်ဝင်အောက်တွင် နေရာယူထားသည့် ကားအဖြူရောင်လေးကြောင့် တုန်လှုပ်လို့သွားသည်။
မျက်နှာချင်းဆိုင်ရမှာပင် ကြောက်ရွံ့ နေမိသည်။မျက်ရည်တွေနဲ့ နာကျင်နေမည့် မြတ်ကိုလည်း ပန်းချီမကြည့်ရက်တော့ပေ။လှေကားထစ်တွေကို တက်လာသည့် ခြေလှမ်းတွေက အားမရှိသည့် လူတစ်ယောက်လိုပင်။ပိတ်ထားသည့် အခန်းတံခါးကို ဖွင့်ရမည့်လက်တွေကအစ တုန်ယင်လို့နေသည်။တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ကုတင်ထက်တွင် နေရာယူထားသည့်ချစ်ရသူကိုပင်။အထီးကျန်နေတဲ့ မြတ်ကို အဖော်ပြုပေးသည်က စာအုပ်လေးတစ်အုပ်ပင်။
အခန်းထဲကိုဝင်လာသည့်သူကိုမြတ်သည်တစ်စက်မှမကြည့်ပေ။မြတ်အပြုအမူကြောင့် နာကျင်ရသော်လည်း ပန်းချီဘာမှမပြောနိုင်လောက်အောင် နာကျင်ခံစားနေလေသည်။
မြတ်ဘေး၌အသာအယာဝင်ထိုင်လိုက်ပြီး တိတ်ဆိတ်နေမိသည်။စကားပြောလျှင်လည်း ကြာလာရင် မြတ်ငိုဦးမည်ဆိုတာ အသေအချာပင်။တိတ်ဆိတ်နေတဲ့ လေထုက နာကျင်မှုတွေကို သိုလှောင်နေသလို။ငေးကြည့်နေမိသည့် မြတ်မျက်ဝန်းတွေသည် ငိုထားသည်ဆိုတာထင်ရှားနေသည်။နှုတ်ခမ်းပါးတွေကလည်း တုန်ယင်လို့နေလေသည်။အခုလိုဖြစ်နေတဲ့ မြတ်ကို ပန်းချီဘယ်လိုမှမကြည့်ရက်ပေမယ့် မည်သို့မှမတတ်နိုင်ခဲ့ပေ။ပန်းချီကိုယ်တိုင်လည်းငိုချင်ပေမဲ့ မငိုမိအောင် အတတ်နိုင်ဆုံးထိန်းထားရသည်။မြတ်ဆီက ဘာစကားသံမှမကြားရသလို အကြည့်တစ်ချက်ပင် ရောက်မလာခဲ့။ဖြစ်သင့်ပါသည်။ရင်နဲ့မဆံ့အောင်ခံစားရသည့်
မြတ်အဖို့ အခုလိုလုပ်နေတာ ဖြစ်သင့်ပါသည်။"ပန်းချီ"
တံခါးခေါက်သံနဲ့အတူကြားရသည်က စန္ဒာ့ရဲ့အသံပင်။တံခါးဖွင့်ပေးလိုက်တော့အပြုံးနဲ့ဆီးကြိုနေသည့် စန္ဒာ့ပုံစံသည် အခုလိုဖြစ်နေတဲ့ ပန်းချီ နဲ့ယှဉ်ရင်တော့ အတော်အေးချမ်းသည်။
![](https://img.wattpad.com/cover/322303856-288-k830141.jpg)
ESTÁS LEYENDO
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Ficción General"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"