မှန်တင်ခုံရှေ့မှာ ကျကျနန ထိုင်ကာ အလှပြင်နေသည့် ပန်းချီ့ ကို မြတ်ဘာမှမပြောပါဘဲ ကြည့်ရုံသာကြည့်နေမိသည်။
ဘယ်တုန်းကမှ အလှသေချာမပြင်ဖူးတဲ့သူက ယနေ့တော့ မှန်တင်ခုံရှေ့၌ အချိန်ကြာမြင့်စွာပြင်ဆင်နေလေသည်။အခန်းထဲ၌ စကားပြောသံပင်မကြားရဘဲ တိတ်ဆိတ်ကာခြောက်ကပ်နေသည်။နောက်ဆုံးတော့ ပန်းချီသည် စကားဝိုင်းကို မြိုင်ဆိုင်အောင်အသက်သွင်းလိုက်လေသည်။"အန်တီ"
"အင်း"
"မောင်ဘယ်လိုနေလဲ။ ကြည့်ကောင်းရဲ့လားဟင်"
ထိုသို့မေးခြင်းက မြတ်ဖြေရမှာ ခက်သည်ဆိုတာ ပန်းချီတကယ်မသိပေ။မြတ်ရင်ထဲကနာကျင်မှုက တရိပ်ရိပ်နဲ့ လှိုက်တက်လာခဲ့ပြန်သည်။
"ကြည့်ကောင်းပါတယ်မောင်ရဲ့"
"အန်တီပါ လိုက်ခဲ့ပါလား"
"မလိုက်တော့ပါဘူးမောင်ရယ်"
"ဘာလို့လဲ"
"အန်တီအလုပ်တွေရှိသေးတယ်"
"အင်းပါ ဘယ်တတ်နိုင်ပါ့မလဲ"
တိတ်ဆိတ်သွားပြန်သော လေထု။ကြားရသည့် အသံက စန္ဒာရဲ့ ခေါ်သံသဲ့သဲ့။
"ပန်းချီ အောက်မှာ ဧည့်သည်ရောက်နေတယ်"
"ဟုတ် ဟုတ်"
ဧည့်ခန်းတွင် ထိုင်နေသည့် ဝဏ္ဏကိုတွေ့တာကြောင့် မြတ်အနည်းငယ် မျက်နှာပျက်သွားသော်လည်း အပြုံးမပျက် နေပြရပြန်သည်။
"အန်တီရော လိုက်မှာလား"
မြတ်ကိုကြည့်ပြီးမေးလာသည့် ဝဏ္ဏစကားသည် မြတ်စိတ်ထဲ ဘဝင်မကျစရာ။
"မလိုက်ဖြစ်ပါဘူး။အန်တီအလုပ်လေးရှိလို့"
"ဟုတ်ကဲ့။အဲ့ဒါဆို သွားမယ်ပန်းချီ။ငါဝယ်ချင်တာတွေ နင်ပဲရွေးပေးရမှာ"
မြတ်ပိုင်သည့် အမျိုးသမီးငယ်အား ပိုင်စိုးပိုင်နင်းပြောလာသည့် ဝဏ္ဏပုံစံက တစ်မျိုးပင်။
ကိုယ့်အရှေ့မှာပင် ပြောဆိုနေသည့်ပုံစံက လိုတာထက်ပိုနေလေသည်။"အေးပါ။အန်တီ မောင်သွားတော့မယ်နော်။အန်တီအတွက်ရော ဝယ်ခဲ့မယ်"
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"