Episode.10(Unicode)

4.3K 261 20
                                    

      
      
       ဘုရားကန်တော့ပြီးသည့်အချိန်
အခန်းထဲပြန်လာတော့ပန်းချီသည် အိပ်နေဆဲပင်၊၊စာရေးစားပွဲရှေ့ကခုံမှာထိုင်လိုက်ပြီး အမှုသတင်းတွေကို ထိုင်ဖတ်နေရာ ထမင်းစားဖို့ကိုပင် မြတ်သတိမရတော့ပေ။သတင်းဖတ်ရင်း သံစဉ်တစ်ခုကြား၍ ရှာကြည်ာလိုက်ရာ ပန်းချီဖုန်းမြည်သံဖြစ်နေသည်၊၊ပန်းချီအိပ်နေတာကြောင့် ဖုန်းကို ကိုင်ရမလို၊မကိုင်ရမလိုနဲ့ အသေအချာပငမင် ဝေခွဲမရဖြစ်နေသည်၊၊ဖုန်းကိုင်လိုက်လို့ ပန်းချီမကြိုက်မှာကိုလည်း စိုးရိမ်သည်၊၊မကိုင်ပဲထားသော်လည်းဖုန်းကအဆက်မပြတ်ဝင်နေတော့ မကိုင်လို့ပင်မဖြစ်တော့။နောက်မှသာ ပန်းချီကို ပြောမယ်လို့တွေးပြီး ဖုန်းကိုကိုင်လိုက်သည်။

"ဟယ်လို"

      တစ်ဖက်မှဖုန်းခေါ်သူမှာ မြတ်အသံကိုကြားတော့ အနည်းငယ်အံ့သြသွားသည်။

"ပန်းချီ အစ်မလေပြေပါ။ကုမ္ပဏီကို မလာလို့ နေများမကောင်းလားလို့ပါ"

"သမီးရေ ပန်းချီက နေမကောင်းလို့အိပ်နေတာ"

"သြော် ဟုတ် ဒါနဲ့အန်တီက"

"အန်တီက ပန်းချီ့ ရဲ့ အဒေါ်ပါ"

         ဘာဖြေရမှန်းမသိ၍ အဒေါ်လို့သာပြောလိုက်မိသည၊်၊အခုလိုပြောလိုက်တာကိုရော ပန်းချီကကြိုက်လေမလား။

"ဟုတ်ကဲ့အန်တီ။ပန်းချီနိုးရင် ဖုန်းဆက်တယ်လို့ပြောပေးပါနော်"

"ပြောလိုက်မယ်ကွယ်"

"ဟုတ်ကဲ့အန်တီ"

          တစ်ဖက်မှဖုန်းချသွားတော့ မြတ်သည် ဖုန်းကို ပန်းချီဘေးလေးမှာ ပြန်ချထားလိုက်ကာ ကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်၊၊အခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီတစ်ခုကို ဦးစီးနိုင်တဲ့ ပန်းချီ့ ကို စိတ်ထဲမှသာ ချီးကျုးမိသည်၊၊နှုတ်မှထုတ်ပြောဖို့အတွက် မြတ်မှာသတ္တိမရှိတာအမှန်ပင်။အကယ်၍ ပန်းချီတို့မိသားစုအရေးသာ မရှုပ်ထွေးခဲ့ရင် ပန်းချီသည် အခုချိန်မှာပျော်ရွှင်ရတဲ့ကောင်မလေးဖြစ်နေမှာ အမှန်၊၊
သတင်းတွေတစ်ခုပြီးတစ်ခုဖတ်နေတာ အချိန်ပင်အတော်ကြာသွားသည်၊၊ညကိုးနာရီကျော်နေပြီဖြစ်တာကြောင့် အလုပ်တွေကို နားလိုက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်၊၊မျက်နှာသစ်၊သွားတိုက် အားလုံးလုပ်ပြီးတော့ အခန်းထဲမှထွက်လာတော့ ပန်းချီဟာနိုးနေလေသည်
။နွမ်းလျတဲ့မျက်နှာနဲ့ပန်းချီ့အနားမှာသာ မြတ်ထိုင်လိုက်သေ့ည်။

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now