"သမီးသွယ် နောက်နေတာမလား။သူရောသမီးဘေးမှာ ရှိနေတယ်မလား"
သွယ်ပြောတာကို မြတ်စနေသည်ဟုသာ ထင်သည်။ပန်းချီဟာ ညဏ်များတဲ့ပင်ဂွင်းလေးဆိုတာ မြတ်သိပြီးသားမို့ပင်။
"မဟုတ်ဘူး အန်တီမြတ်။သွယ်တကယ်ပြောတာ အခုပန်းချီက အရေးပေါ်ခန်းထဲမှာ"
မယုံနိုင်စရာစကားလုံးတွေ။ထိုစကားကြားရုံနဲ့တင် မြတ်ရင်တွေကွဲမတက်ခံစားရသည်။ပန်းချီသာ တစ်ခုခုဖြစ်သွားရင် မြတ်ခံနိုင်ရည်ရှိမည်မဟုတ်ပါ။ပန်းချီ့ ကို မချစ်ဘူးပြောထားပေမယ့် အခုလိုဖြစ်တော့လည်း စိတ်ပူမှုက ထိန်းမရပေ။
"သွယ် ဘယ်ဆေးရုံမှာလဲ"
စိတ်ပူစွာဖြင့် အလောတကြီးမေးမိသည်၊၊စိတ်ထဲမှာတော့စက္ကန့်နဲ့မလပ်
ပန်းချီအတွက်ဆုတောင်းနေမိသည်။"တော်ဝင်ဆေးရုံမှာ အန်တီမြတ်"
"အန်တီမြတ်အခုလာခဲ့မယ်"
အတိုင်းမသိကျဆင်းနေတဲ့ သူမမျက်ရည်တွေကို ပန်းချီမြင်ရင်တော့ စိတ်မကောင်းဖြစ်နေတော့အသေအချာပင်။
လှေကားထစ်တွေကိုပင် ခြေချော်မတက် အမြန်ဆင်းလာခဲ့သည်။"မမ ဘာဖြစ်လို့လဲ"
"တိမ်ပန်းချီမောင် အက်ဆီးဒင့်ဖြစ်လို့ ဆေးရုံရောက်နေတာတဲ့"
စကားကိုကောင်းကောင်းမပြောနိုင်ဘဲ ငိုနေရှာတဲ့ မြတ်ရင်ထဲ၌ မီးဟုန်းဟုန်းတောက်နေသကဲ့သို့ပင်။
"မမကိုယ်တိုင်ကားမောင်းသွားလို့ဖြစ်ပါ့မလား။အဖေ့ကိုလိုက်ပို့ခိုင်းလိုက်လေ"
မြတ်အနေအထားသည် ကားမောင်းနိုင်မည်မဟုတ်ဘူးဆိုတာ စန္ဒာရိပ်မိသည်။
"ရတယ် အစ်မဘာသာပဲသွားမယ်"
စန္ဒာ့စကားကိုပင် နားမထောင်တော့ဘဲ ထိုနေရာမှထွက်လာခဲ့သည်။မြတ်သည် ပန်းချီတစ်ခုခုဆိုရင် စိတ်အစုံဟာ ဆောက်တည်ရာမရဖြစ်ကာ အစိုးမရတော့ပေ။ကျဆင်းနေတဲ့မြတ်ရဲ့ မျက်ရည်စတွေကိုတော့ ပန်းချီမမြင်နိုင်ခဲ့ပေ။တုန်ယင်နေတဲ့ လက်တစ်စုံ။နီရဲနေတဲ့ မျက်ဝန်းတွေ။အို အခုလိုပုံစံမျိုးနဲ့တောင် လှရက်နေတဲ့ အမျိုးသမီး။ပန်းချီအတွက်ပူဆွေးသောက ရောက်နေတဲ့ အမျိုးသမီး။အခုလိုကျတော့လည်း သနားစရာကောင်းလှပြန်သည်။ဆေးရုံရောက်သည်နဲ့ သွယ်ပြောထားသည့်နေရာအတိုင်းရှာလိုက်တော့ 'Operation Theater´ဟုရေးထားသည့် အခန်းငယ်ရှေ့၌ ထိုင်နေသည့်သွယ်နဲ့သီရိကို တွေ့တာကြောင့် ထိုနေရာကို အမြန်သွားလိုက်သည်။
BẠN ĐANG ĐỌC
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Tiểu Thuyết Chung"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"