Episode,9(Unicode)

5.1K 300 27
                                    

        
         ရုံးချိန်းပြီးသည့်အချိန်ကတည်းက လုပ်စရာအလုပ်သိပ်မရှိသော်လည်း မြတ်သည် အိမ်မပြန်ဖြစ်ဘဲ ရုံးမှာသာနေလေသည်။အိမ်ပြန်ရင်လည်း ပန်းချီနဲ့အတိုက်အခံဖြစ်မည်ဆိုတာ ကြိုသိနေခြင်းကြောင့်ပင်။ ညနေငါးနာရီဆိုသည့် အချိန်ဟာ အိမ်ပြန်ဖို့ အသင့်တော်ဆုံးအချိန်ဆိုလည်း မမှားပေ။ငါးနာရီဆိုသော်လည်း လမ်းပေါ်၌ ကားတွေသည် ရှုပ်စပြုနေသည်။လမ်းရှုပ်နေပြီဖြစ်သော်လည်း လမ်းတစ်နေရာက Mini Martမှာပန်းချီ့စားဖို့အတွက် မုန့်ဝင်ဝယ်လိုက်သေးသည်၊၊ဘယ်လိုပဲ အဆင်မပြေဖြစ်နေပါစေပန်းချီသည်ဧည့်သည်မို့
ဂရုစိုက်ရမည်မဟုတ်လား။

စားစရာအချို့ဝယ်ပြီး အိမ်ကိုသာ မောင်းလာခဲ့တော့သည့်ကားလေးက ပုံမှန်နှုန်းထားအတိုင်းသာ၊၊အိမ်ရောက်သည်နဲ့ဦးဘမြိုင်သည် ခြံတံခါးဖွင့်ပေးပြီးကားကို ဆင်ဝင်ထဲထိုးလိုက်တာနဲ့ စန္ဒာကအသင့်စောင့်ကြိုနေသည်၊၊
ကားပေါ်မှဆင်းလိုက်ပြီး လက်ထဲမှ မုန့်ထုတ်တွေကို စန္ဒာ့အားလက်လွှဲပေးလိုက်သည်၊၊ကားပေါ်မှဆင်းတာနဲ့ တစ်ခုခုကိုရှာနေသည့် မြတ်မျက်ဝန်းတွေသည် စူးရှကာ ကြည်လင်သည်။သက်ရှိ၊သက်မဲ့အရာမှန်သမျှကို စိုးမိုးနိုင်စွမ်းရှိသည့် အကြည့်တွေပင်။သို့ပေမယ့်  ရောက်ကတည်းကရှာနေသည့်အရာကိုအခုထိမတွေ့သေးပေ။ထို့နောက် ဧည့်ခန်းမှာ ထိုင်လိုက်တော့ အလိုက်သိသည့်စန္ဒာကရေတစ်ခွက်ယူလာပေးသည၊်၊မြတ်မှာ စန္ဒာပေးတဲ့ရေကို တစ်ငုံသာသောက်ပြီး စားပွဲပေါ်ပြန်တင်လိုက်ကာ မျက်လုံးများကို ဘေးဘီသို့ ဝေ့ဝဲကြည့်မိပြန်သည်။အမြဲတမ်း မြတ်ကိုစောင့်ကြည့်နေတဲ့ စန္ဒာကတော့ မြတ်ပုံစံကိုချက်ချင်းပင်သတိထားမိသည်။

"မမ ဘာဖြစ်လို့လဲ နေမကောင်းလို့လား"

"မဟုတ်ပါဘူးစန္ဒာရယ်"

"အဲ့ဒါဆို ဘာဖြစ်နေတာလဲဟင်"

"ဟို သူရှိလား မတွေ့လို့"

       ပြန်လာကတည်းကရှာနေတာ ဂျစ်ကန်ကန်ကောင်မလေးပန်းချီ့ကိုပင်။ပန်းချီ့ ကို မတွေ့လို့ မြတ်စိတ်ပူမိတာအမှန်။ကိုယ့်အပေါ်ဒုက္ခအမျိုးမျိုးပေးတာတောင် စိတ်ပူနိုင်သေးသည်၊၊

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now