Episode_2(Unicode)

5.3K 325 11
                                    


         ရှုပ်ထွေးသည့်စာရင်းတွေစစ်ပြီးချိန်၌ တစ်ဆယ့်နှစ်နာရီထိုးဖို့ ငါးမိနစ်သာလိုတောသြည်။ထမင်းစားချိန်မို့  ဝန်ထမ်းတွေဟာ အပြင်မှာစားကြသလို၊ထမင်းချိုင့်ပါတဲ့သူလည်းရှိသည်မို့ ကုမ္ပဏီအတွင်း၌ခပ်ရှုပ်ရှုပ်ပင်။ရုံးခန်းထဲကို ဝင်လာသည့်သူကို တစ်ချက်ကြည့်မိတော့ မနက်ကအလုပ်အကြောင်းကို အသေးစိတ်ရှင်းပြပေးခဲ့သည့်လေပြေပင်။

"ဟို မောင် ထမင်းမစားသေးဘူးလား"

"စားမှာပါ အပြင်မှာသွားစားမှာ"

"ဟုတ် ဟိုလေ"

"ပြောစရာရှိလို့လား မလေပြေ"

"မောင့်ကို မောင်လို့မခေါ်လို့ရလား"

"ဘာဖြစ်လို့လဲ"

"ဟိုလေ ခေါ်နေကျမဟုတ်တော့ တစ်မျိုးဖြစ်နေလို့"

           မောင်ဆိုသည့်နာမ်စားက လေပြေအတွက် အခက်တွေ့လှသည်။ခေါ်နေကျမဟုတ်သည်မို့ အဆင်မပြေလှပေ။

"ရပါတယ် မလေပြေအဆင်ပြေသလိုပဲခေါ်ပါ"

"ဟုတ်ကဲ့ ပန်းချီ"

"အဲ့ဒါဆို သွားလိုက်ဦးမယ်"

         ကျန်ခဲ့သည့်လေပြေ့ကို အပြုံးနဲ့နှုတ်ဆက်ကာ ထွက်လာခဲ့လေသည်။အိမ်မှာ အိမ်အကူတွေရှိတာကြောင့် အစားအသောက်မပူရသော်လည်း အိမ်ပြန်မစားဖြစ်တော့ပေ။တစ်ယောက်တည်းသာရှိမည့် ထမင်းဝိုင်းကို ပန်းချီမနှစ်မြို့တာအမှန်။မိသားစုထမင်းဝိုင်းလို့ ခေါင်းစဉ်တပ်မရတဲ့အခြေအနေကို ပန်းချီရင်ဆိုင်နေရတာမဟုတ်ပါလား။

ပန်းချီအတွက်တော့ မိသားစုထမင်းဝိုင်းဆိုတာ ဘယ်ချိန်မှ ရှိလာတော့မည်ဆိုတာကို ပန်းချီကိုယ်တိုင်ပင်မသိတော့အောင်ထိ ကံကြမ္မာကလှပစွာ ရက်စက်သွားလေသည်။ဒီမြို့နယ်အတွင်းမှာ စားသောက်ဆိုင်တွေ များသော်လည်း ပန်းချီသည် အရင်တစ်ချိန်ကသူမတို့မိသားစုစားနေကျဆိုင်ကိုသာ ရင်နာနာနဲ့ ရွေးချယ်လေသည်။နာမည်ကြီးဆိုင်ဆိုသည့်အတိုင်း လူတွေကခပ်စိပ်စိပ်ပင်။ထိုလူတွေထဲမှ တိုက်တိုက်ဆိုင်ဆိုင် စုမြတ်သွယ်နဲ့သီရိနွေးကို ပန်းချီတွေ့တာမို့ သူတို့ဝိုင်းမှာပဲ နေရာယူမိတော့သည်။
 
        သူငယ်ချင်းအရင်းတွေဖြစ်တဲ့ သွယ်နဲ့သီရိဟာ ပန်းချီ စိတ်ညစ်တဲ့အချိန်တိုင်း အနားမှာရှိပေးကြတဲ့ သူငယ်ချင်းကောင်းတွေဆိုလည်းမမှားပေ။အခုလိုချိန်မှာပန်းချီခံစားနေရတာသိတော့ သူတို့လည်း စိတ်မကောင်းဖြစ်သည်မှာအမှန်ပင်။သို့သော်လည်း အားပေးနှစ်သိမ့်ပေးရုံမှလွဲ၍ မည်သို့မှမတတ်နိုင်ခဲ့ကြပေ။

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now