လူတစ်ယောက်ရဲ့ နှောင့်ယှက်မှုသည် မြတ်ကိုအတော်လေးစိတ်ပျက်စေကာ ဆိုးရွားလွန်းသည်။ဖုန်းဆက်ကာ နှောက်ယှက်ထားသည်မို့ ညက တော်တော်နဲ့အိပ်မရခဲ့သည်မို့ ဒီမနက်နိုးချိန်က အရင်နေ့တွေထက်ပင်နောက်ကျသည်၊၊ရှစ်နာရီဆိုသည့်အချိန်၌ နေဟာအတော်ပူလို့နေပြီ၊၊ရုံးပိတ်ရက်ကနှစ်ရက်ဖြစ်တာကြောင့် ဒီနေ့လည်း မြတ်အတွက် အချိန်အားလပ်လေသည်၊၊မျက်နှာသစ်၊သွားတိုက်ပြီးတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး မနက်စာစားရန်အောက်ထပ်သို့ဆင်းလာတော့ ထမင်းစားခန်းထဲ၌ မနက်စာဟာအဆင်သင့်ဖြစ်နေသည်၊၊
ထိုင်ခုံမှာဝင်ထိုင်လိုက်ကာ ခရားထဲမှ ကော်ဖီကိုထည့်ပြီး တစ်ငုံသောက်လိုက်ပြီးပန်းကန်းထဲမှ ကိတ်မုန့်တစ်ချက်ယူရင်း စန္ဒာကိုကြည့်လိုက်တော့ မမြင်ဖူးတဲ့သူတစ်ယောက်လိုကြည့်နေတာကြောင့် စိတ်ထဲမလုံမလဲပင်ဖြစ်ရသည်။ဘာတွေများထူးဆန်းနေလေသလဲ။
"ဘာဖြစ်လို့လဲစန္ဒာ"
"ဒီနေ့မမ အိပ်ရာထနောက်ကျတယ်နော်"
မနက်ဆိုရင်စောစောထပြီး ဘုရားရှိခိုးတတ်တဲ့ အမျိုးသမီးအိပ်ရာထနောက်ကျတာဟာ စန္ဒာ့အတွက်တော့ထူးဆန်းလို့နေသည်။
"ဟုတ်တယ် ညက အစ်မအမှုတွေပြန်စစ်နေလို့"
"ဟုတ်လား ညကမမအခန်းထဲက စကားသံတွေကြားနေတော့ ဖုန်းပြောနေတယ်ထင်တာ"
မသိလို့မေးပေမယ့် မြတ်သည် ဘာမှဖြစ်စရာမလိုသည့်ကိစ္စကို မလုံမလဲဖြစ်ကာသောက်နေတဲ့ ကော်ဖီတောင်သီးသွားရှာသည်၊၊ပန်းချီဆိုသည့်မိန်းမငယ်ဟာ ကိုယ်တွေ့ဒုက္ခပေးတာတင်မဟုတ်ဘဲ စိတ်နဲ့လည်း ဒုက္ခပေးနေသလိုပင်၊၊ပန်းချီ့ အကြောင်းတွေးလိုက်တိုင်း မြတ်တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်သည်ကအကြိမ်မနည်းတော့။
"ကော်ဖီက ပူလို့ သီးသွားတာ"
ကော်ဖီသည် မြတ်မလာခင်ကတည်းက ခရားထဲထည့်ထားတာကြောင့်မပူနိုင်တာ့ကြောင်းသိသည့်စန္ဒာ့မျက်နှာ၌ အံ့သြသည့်အရိပ်အယောင်တွေက အထင်းသား။
"အမ် ပူနေသေးတာလား။မမ မလာခင်ကတည်းက ထည့်ထားတာမို့ မပူလောက်တော့ဘူးထင်နေတာ"
![](https://img.wattpad.com/cover/322303856-288-k830141.jpg)
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"