ရုံးပိတ်ရက်တိုင်းမှာ သူမတို့နှစ်ဦး အတူတူရှိကာ ပျော်စရာတွေ ဖန်တီးဖြစ်ကြသည်။သူမတို့နှစ်ဦး အတူရှိနေရင်ဖြင့်ပျော်စရာတွေကကုန်မည်ပင်မထင်။ရုံးပိတ်ရက်တိုင်း အိပ်ရေးကြီးတဲ့ ပန်းချီ့ကို နိုးရသည်မှာ အလုပ်တစ်ခုလိုပင်ဖြစ်နေသည်။မျက်နှာပေါ်မှာ နေစက်တွေပင် ကျလို့နေတာကိုပင် မနိုးသေးပေ။
"မောင် ထတော့ ရှစ်နာရီတောင်ထိုးနေပြီ"
"နောက်ငါးမိနစ်ပဲနော်။ခဏလေးပဲ"
မျက်လုံးများမပွင့်ပါပဲ တရစပ်ပြောနေသည့် ပန်းချီ။အနည်းငယ်စုတ်ဖွာနေတဲ့ဆံပင်တွေက မြတ်အတွက်တော့အချစ်ပိုရသည့် အရာတစ်ခုပင်။
"ငါးမိနစ်ပဲနော်"
မြတ်မသွားသေးပဲ ပန်းချီဘေးမှာသာ ထိုင်စောင့်နေမိသည်။ငါးမိနစ်ပြည့်ရင်တော့ ပန်းချီ့ကို မရရအောင်နှိုးရတော့မည်။နေစက်ကျနေတဲ့ မျက်နှာပေါ်ကို ပန်းချီက လက်ကလေးအုပ်လို့ထားသေးသည်။
ဖြူဖွေးဖွေးလက်ချောင်းတွေနဲ့ ပန်းနုရောင်လက်သည်းတွေက မြတ်နိုးစရာပင်။မျက်နှာပေါ်တွင်တင်ထားတဲ့ ပန်းချီ့ လက်တွေကို ဖယ်ရှားလိုက်လေသည်။"ဟိတ် ကောင်မလေး ငါးမိနစ်ပြည့်ပြီ ထတော့"
"နောက် သုံးမိနစ်ပဲ"
"မရတော့ဘူး ထတော့ကွာ"
ပန်းချီ့လက်မောင်းကိုကိုင်ကာ မြတ်ဆွဲထူလိုက်ပေမဲ့ ပန်းချီ့ရဲ့တောင့်ခံနိုင်မှုကြောင့် မြတ်မျက်နှာလေး ပန်းချီရင်ခွင်ဆီကို အတိုင်းသားရောက်ရှိသွားလေသည်။ပန်းချီ့ ရင်ခွင်ထဲမှာ အမြဲနေရာယူနေကျဆိုပေမဲ့ ယခုအခါမှာတော့ ရင်ထဲမှာ လှိုင်းလုံးသဖွယ်ရိုက်ခတ်လို့နေသည်။
"လွှတ်ကွာ"
"မလွှတ်ပါဘူး။ဘာလို့အတင်းလာနှိုးနေတာလဲ"
"ရှစ်နာရီထိုးနေပြီလေ ဒီအချိန်ထိအိပ်ရသလား"
"အိပ်တော့ရော ဘာဖြစ်လဲ"
မြတ်ကိုတမင်တကာ ပန်းချီစလိုက်လေသည်။စလိုက်လျှင် စိတ်ဆိုးသွားတဲ့ မျက်နှာလေးက ပန်းချီ့အတွက် သဘောကျစရာမဟုတ်ပါလား။
ESTÁS LEYENDO
"နှလုံးသား၏ စေခိုင်းရာ"(Completed)
Ficción General"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"