Episode.18(Zawgyi)

1.1K 41 9
                                    

      ဝေးကွာနေရသည့်မိခင်ဖြစ်သူကိုဒီနေ့တော့ ဝမ်းနည်းခြင်းတွေနဲ့ပန်းချီသွားတွေ့ဖြစ်ခဲ့သည်။သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ရန် ချိန်းထားသော်လည်း စကားဝိုင်း၌တော့ မည်သည့်စကားမှမဆိုဖြစ်ပေ။မိခင်ဖြစ်သူကို ဒေါ်ယဉ်နဒီလှိုင်၏အကြောင်းတွေကိုတော့ ပြောမပြဖြစ်ခဲ့ပေ၊၊နေရတဲ့အနေအထားက အဆင်မပြေရသည်မို့ ကိုယ့်အတွက်နဲ့
စိတ်မရှုပ်စေချင်တာကြောင့်ပင်။
     
         သူစိမ်းအမျိုးသမီးတစ်ဦးဖြစ်သည့် မြတ်ကို ချစ်မြတ်နိုးနေတယ်ဆိုတာကိုလည်း မပြောပြဖြစ်ခဲ့ပေ၊၊အမေဖြစ်သူသည်လည်း အငြိုးကြီးပြီး နာကျည်းချက်တွေရှိနေမယ်ဆိုတာ မပြောရင်တောင်သိနိုင်သည်မဟုတ်ပါလား။မိခင်ဖြစ်သူ ကန့်ကွက်မည်ဆိုတာကို ပန်းချီကြိုသိနေသော်လည်း နောက်ဆုတ်ဖို့ အစီအစဉ်မရှိပေ။ထိုအကြောင်းတွေကိုကြိုတွေးမိတော့ စိတ်တွေဟာ အဆင်မပြေတော့ပေ။

         မှောင်မိုက်နေခဲ့တဲ့ ဘဝထဲကို အလင်းရောင်ပေးစွမ်းနိုင်မည့် လဝန်းလေးဟာ မြတ်ဖြစ်နေမည်ဆိုတာကို ပန်းချီတစ်ခါမှမတွေးတောခဲ့ပေ။သို့သော် ထိုလဝန်းလေးကိုကိုယ်စားပြုတဲ့သူအပေါ် အထင်လွဲစရာကိစ္စများသည် တိမ်တွေအစုလိုက်ဖုံးလွှမ်းနေသလိုဖြစ်နေတာကြောင့် အလင်းရောင်လိုအပ်နေတဲ့ ပန်းချီအပေါ်အလင်းရောင်မပေးနိုင်ပေ၊၊ပန်းချီရဲ့ အချစ်စစ်တွေကို မြတ်မမြင်သေးသရွေ့ အခုလို ခံစားနေရဦးမှာပင်။သီရီနဲ့သွယ်ကလည်း ပန်းချီကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြပေမယ့် ဘာမှမတတ်နိုင်ကြပေ။

"ပန်းချီရယ်။နင်ကလည်း အဲ့လိုကြီးမနေပါနဲ့။အရင်လိုပျော်ပျော်ပဲနေပါ"

       အဝေးတစ်နေရာကိုငေးနေတဲ့ ပန်းချီဟာ သွယ့်စကားကို ကြားပုံမရ။မြတ်အပေါ်ထားတဲ့ ပန်းချီရဲ့ အချစ်တွေက အခုလောက်တောင်ပဲလား။မုန်းတီးစိတ်၊နာကျည်းမှုကနေ ဖြစ်ပေါ်လာတဲ့ အချစ်ဟာ အလွန်ပင်ကြီးမားခဲ့လေသည်။

"ပန်းချီ ဟဲ့"

      ခန္ဓာကိုယ်ကသာ ဒီမှာရှိနေပေမယ့် စိတ်အစုံကတော့ မြတ်ဆီကို အလည်သွားနေသည်မို့ အခုမှသာ သွယ်ခေါ်နေတာကို သိလေသည်။

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now