Episode.26(Unicode)

4.5K 321 20
                                    

           
       အလုပ်ကိစ္စတွေကိုယ်စီများနေတာကြောင့် ပန်းချီနဲ့ မြတ်အရင်လိုမတွေ့ဖြစ်တော့ပေ။ညဘက်တိုင်းမှာတော့ ဖုန်းကို အချိန်ကြာကြာထိပြောဖြစ်ကြသည်။ပန်းချီရဲ့ချွဲ့ နွဲ့မှုတွေမှာတော့ မြတ်အမြဲကျရှုံးနေဆဲ။လူချင်းမနီးကြပေမဲ့ စိတ်ချင်း၊နှလုံးသားချင်းနီးစပ်ကြလေသည်။အချစ်မှရတဲ့နွေးထွေးမှု၊ကြင်နာမှုတွေက အပြန်အလှန်ပင်။တစ်ယောက်အိမ်မက်တွေထဲမှာ တစ်ယောက်က ဝင်ရောက်နေဆဲ။

ကုမ္ပဏီမှာ အလုပ်လုပ်နေသော်လည်း မြတ်ကို သတိရမိတာ စက္ကန့်အမျှပင်။ဒီအမျိုးသမီးရဲ့ ဖြစ်တည်မှုအောက်မှာ ပန်းချီကျရှုံးခဲ့ရပြီ။သို့ပေမဲ့ ပန်းချီနောင်တမရပေ။မြတ်ကို ချစ်နေရတာနဲ့ပန်းချီဟာ ကျေနပ်နေတဲ့သူမဟုတ်လား။
မြတ်ရှိရုံနဲ့ ပန်းချီ့ ဘဝကပြည့်စုံနေလေပြီ။စားပွဲပေါ်တင်ထားတဲ့ဖုန်းမြည်သံကြောင့် ပန်းချီကြည့်မိတော့ မြတ်နိုးရာလေးမို့ခပ်မြန်မြန်ကိုင်လိုက်လေသည်။

"ဟယ်လို အန်တီ"

"မောင် အလုပ်ရှုပ်နေလား"

      ကြားနေကျဖြစ်တဲ့ ထိုနာမ်စားလေးက ယနေ့မှ ပိုချိုသာပြီး နားထောင်လို့ကောင်းနေသည်။အတင်းခေါ်ခိုင်းခဲ့ရတဲ့ ထိုနာမ်စားလေး။

"နည်းနည်းပါ အန်တီရဲ့ ပြောစရာရှိလို့လားဟင်"

"အွန်း ပြောစရာရှိလို့"

      ဘာများပြောမလဲဟု ပန်းချီတွေးနေမိသည်။အရေးကြီးကိစ္စမို့ အခုလို တကူးတကဆက်တာများလား။

"ဘာပြောမှာလဲ ပြောပါရှင်"

"လွမ်းလို့"

       လွမ်းလို့တဲ့လား။မြတ်သည် ချွဲလည်းချွဲတတ်သည်။ပန်းချီလည်း အမှန်တကယ်လွမ်းနေလေသည်။အနားမှာသာရှိရင် လွမ်းတယ်လို့ပြောတဲ့ အဲ့နှုတ်ခမ်းပါးလေးကို ပန်းချီ နမ်းရှိုက်မိမယ်ဆိုတာ အသေအချာပင်။

"ဟွန့် ဒီကလည်း အန်တီ့ကို လွမ်းနေတာ။အန်တီနော် အသဲယားအောင် မပြောနဲ့။အခုချက်ချင်း အန်တီ့ရုံးခန်းထိလာပြီး နမ်းမှာနော်"

       ပန်းချီမှာ မြတ်နဲ့စကားပြောနေရရင် ဘာကိုမှမမြင်ပေ။ေူ
ဘေးမှလေပြေကိုတောင် ရှိတယ်လို့ထင်ပုံမရ။
လေပြေကတော့ ချွဲ့နွဲ့လွန်းတဲ့ ပန်းချီကိုကြည့်ပြီး ပြုံးသာပြုံးမိသည်။

"နှလုံးသား၏ စေခိုင်းရာ"(Completed)Where stories live. Discover now