သူစိမ်းအမျိုးသမီးတစ်ဦးဖြစ်သည့်မြတ်၏အကူအညီကို မယူဘူးဟု ကြွေးကြော်ထားသော်လည်း လှေကားအတက်တွေမှာတော့ မြတ်ရဲ့အကူအညီကို မယူလို့မဖြစ်ခဲ့ပေ။မြတ်ရဲ့ဂရုတစိုက်ကူတွဲပေးမှုကြောင့်သာ အခန်းကိုတော့ရောက်လာလေသည်၊၊အခန်းပြင်ဆင်ထားမှုဟာ ခရမ်းနုရောင်တွေနဲ့ပြည့်နှက်ကာ နူးညံ့လွန်းသည်။အိပ်ယာခင်းတွေအစ လိုက်ကာတွေအဆုံးခရမ်းနုရောင်တွေပင်၊၊အတော်ကျယ်ဝန်းတဲ့အခန်း၌ ရေချိုခန်းနဲ့အိမ်သာကတွဲလျက်ပါသေးသည်။အခန်းရဲ့ထောင့်စွန်းမှာ စာရေးစားပွဲလည်းရှိသည်။
မြတ်သည်အလုပ်လုပ်တဲ့သူမို့ စာရေးစားပွဲထားပေမယ့် ပန်းချီ့ မှာတော့ အလုပ်ရှိတာကိုပင် စာရေးစားပွဲမထားပေ။
မြတ်အခန်းထဲမှာ စာအုပ်စင်အသေးလေးလည်းရှိလေသည်။အခန်းတွင်း၌ ပန်းချီ့မျက်ဝန်းရဲ့အကြည့်တွေက သက်ရောက်လို့နေသည်။အခန်းထဲမှာ ဗီရို၊မှန်တင်ခုံ၊စာအုပ်စင်တို့ကိုအစီတကျထားထားပြီး အခန်းကလည်းသပ်ရပ်လွန်းသည်။ထိုအခန်းနဲ့ယှဉ်ရင် ပန်းချီ့အခန်းက တော်တော်ရှုပ်ပွတာပဲလို့ပင် ပြောနိုင်သည်၊၊ပန်းချီသည် မည်သည့်စကားမှမဆိုပဲ ကုတင်ပေါ်မှာသာ ငြိမ်ငြိမ်လေးထိုင်နေသည်၊။စာရေးစားပွဲမှာထိုင်ပြီးမြတ်သည်လက်တော့ပ်ကို ဖွင့်လိုက်ကာ လုပ်စရာရှိသည့်အလုပ်တွေကိုသာ အာရုံစိုက်လုပ်နေလေသည်။
ပန်းချီသည်ကိုယ့်အိမ်မှာသာဗိုလ်ကျလို့ရပေမဲ့ မြတ်အိမ်မှာတော့ ဘာစကားပြောရမှန်းတောင်မသိသည်အထိ တိတ်ဆိတ်လို့နေသည်။မြတ်၏အာရုံစူးစိုက်မှုတွေက
ပန်းချီ့ ဆီမှာပင်မရှိပဲအလုပ်၌သာ၊၊တစ်ချက်တစ်ချက်တိုးဝှေးလာတဲ့လေကြောင့် ပန်းချီ့ရဲ့အနံ့ခံအာရုံထဲသို့ စူးရှရှအနံ့မျိုးပဲမဟုတ်ပဲ နူးညံ့ပြီးမွှေးပျံ့ တဲ့အနံ့ရလာသည်သဘောကျစရာကောင်းလွန်းသည်။
မြတ်အခန်းရဲ့အနံ့လား...။
မြတ်ရဲ့ရေမွှေးနံ့လားဆိုတာကိုတော့ ပန်းချီမသိပေ။သို့ပေမယ့် ထိုအနံ့လေးက ဆွဲဆောင်လွန်းကာ အတော်လေးရစ်မူးချစ်ကာရူးသွပ်စေနိုင်သည်။သူစိမ်းအမျိုးသမီးနဲ့တစ်ခန်းတည်းရှိနေသည်မို့ ဘာစကားပြောရမှန်းသလိုသလို၊ဘာလုပ်ရမှန်းပင်မသိပဲ ပန်းချီ့အတွက်တကယ့်ကိုအနေခက်လွန်းသည်၊၊ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ပတ်ဝန်းကျင်မှာ တစ်ပတ်ဆိုတဲ့ အချိန်ကို ဖြတ်သန်းရဦးမည်၊၊ထိုသို့ဖြစ်အောင်လည်း ပန်းချီကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်မဟုတ်လား။
အလုပ်လုပ်နေနဲ့ မြတ်သည် ဘေးမှာပန်းချီရှိနေတာကို သိပုံပင်မပေါ်။အချိန်အားဖြင့် ဆယ့်တစ်နာရီခွဲနေပြီဖြစ်သည်၊၊ခဏကြာမှမြတ်ဘက်ကကစကားဝိုင်းကိုစတင်လေသည်။
![](https://img.wattpad.com/cover/322303856-288-k830141.jpg)
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"