အနောက်အရပ်မှနေရောင်ခြည်သည် ဝင်လုဆဲဆဲ၊ကွယ်ပျောက်ဖို့နီးနီး ဖြစ်လို့နေသည်။တဖြေးဖြေးရှုပ်ထွေးလာသည့် ကားရောင်စုံတွေက လမ်းမကြီးပေါ်၌ နေရာအပြည့်ယူထားလေသည်။ညိုဖျော့ဖျော့ ကောင်းကင်ယံနဲ့၌ အိပ်တန်းတက်ကြတော့မည့် ငှက်ငယ်တွေက စီတန်းပျံသန်းနေပုံက လှပလွန်းသည်။မိခင်ဖြစ်သူခေါ်လို့သာ အလုပ်ကအပြန် ဝင်လာခဲ့ရသည်။၊ရှုပ်နေတဲ့ကားလမ်းမကိုကြည့်ပြီး စိတ်မရှည်ချင်တော့ပေ။သို့ပေမဲ့လည်း မသွားလို့ မရလို့သာ သွားနေရသည်။
ခြံတံခါးဖွင့်ထားသည်က လာနေသည့်သူကိုဆီးကြိုနေသလိုပင်။ဧည့်ခန်းထဲတွင်ထိုင်နေသည့် မိခင်ဖြစ်သူသည် အပြုံးနဲ့ ဆီးကြိုခြင်းမရှိ။အကြည့်စူးစူးတွေက ကြောက်မက်ဖွယ်ရာပင်။
"မေမေ ပြောစရာရှိလို့လား"
"ပြောစရာရှိတာထက် မေးစရာရှိတာ လာထိုင်"
မိခင်ဖြစ်သူအသံတင်းမာနေသည်ဆိုတာ ပန်းချီသတိထားမိသည်။စိတ်ထဲ၌လည်းလေးပင်ကာ စိုးရိမ်နေမိသည်။မိခင်ဘေးက ဆိုဖာတွင်သာ အသာအယာ ထိုင်လိုက်လေသည်။ဘာစကားမှမပြောပဲ မိခင်ပြောမည့်စကားကိုသာ နားထောင်ရန် စောင့်ဆိုင်းနေမိသည်။
"ယဉ်နဒီလှိုင်က ဘယ်သူလဲ"
ပန်းချီ့ကို ထိတ်လန့်သွားစေသည့်မေးခွန်း။နားထဲဝင်လာသည့်အသံက စူးရှစွာပင်။လွင့်ပျံသွားသောစိတ်အစုံ။ဖြေဖို့ခက်ခဲသော မေးခွန်းက ပန်းချီ့ အကြားအာရုံထဲကို မထင်မှတ်စွာ တိုးဝင်လာခဲ့လေသည်။
"မေမေ"
"အဲ့မိန်းမက ဘယ်သူလဲ"
"ဟို"
"နင့်အဖေရဲ့ မယားငယ်မလား"
ကြမ်းတမ်းစွာ ထွက်ပေါ်လာသည့်စကားလုံးက နားထဲကို ထိုးဖောက်ဝင်ရောက်လို့လာလေသည်။မည်သို့သိသွားလဲဆိုတာ ပန်းချီမသိသေးပေ။မိခင်ဖြစ်သူရင်ထဲ ပလောင်ဆူနေမည်ဆိုတာ ပန်းချီတပ်အပ်သိသည်။
"မေမေ မဟုတ်ဘူး"
"နင်ငြင်းဖို့မကြိုးစားနဲ့။ငါအကုန်သိပြီးပြီ။သူက ကုမ္ပဏီမှာပါ ရှယ်ယာဝင်ထားတာမလား"
YOU ARE READING
"နှလုံးသား၏ စေခိုင်းရာ"(Completed)
General Fiction"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"